• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းအမြင့်ဆုံးခရိုင်များကို ထိုင်းအစိုးရက ထပ်မံကန့်သတ်ပိတ်ဆို့မှုများပြုလုပ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းအမြင့်ဆုံးခရိုင်များကို ထိုင်းအစိုးရက ထပ်မံကန့်သတ်ပိတ်ဆို့မှုများပြုလုပ်

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ထိုင်းနိုင်ငံ၏ကူးစက်မှုအန္တရာယ်အများဆုံးခရိုင်များတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံများကို ထိုင်း အစိုးရက ဗုဒ္ဓဟူးနေ့တွင်ပိုမိုတင်းကြပ်လိုက်ပြီး ထိုထဲတွင် ဝင်၊ ထွက်သူများကို စစ်ဆေးခြင်းလည်းပါဝင်သည်။
 
ဆာမွတ်ဆာခွန်၊ ချွန်ဘူရီ၊ ရယောင်၊ ထရတ်နှင့် ချန်သာဘူရီခရိုင်များသည် အမြင့်ဆုံးထိန်းချုပ်ဇုန် ၂၈ ခုထဲတွင်ပါဝင်ပြီး လက်ရှိတွင် အမြင့်ဆုံးနှင့်အတင်းကြပ်ဆုံးထိန်းချုပ်ဇုန်များအဖြစ်သတ်မှတ်လိုက်သည်ဟု ထိုင်းတော်ဝင်ပြန်တမ်းတွင်ပါဝင်သည်။
 
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုဟန့်တားရန် အရေးပေါ်အခြေအနေကြေညာချက်အရ ညွှန်ကြားချက်အ သစ်များကို ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
 
အသစ်သတ်မှတ်ထားသည့်နေရာ ၅ ခုတွင် ရောဂါထိန်းချုပ်ရေးအစီအမံများ အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် အတည်ပြုလူနာနှင့်ထိတွေ့မှုခြေရာခံအက်ပလီကေးရှင်း Mor Chana နှင့် Thai Chana တို့ကို အသုံးပြုရမည်ဖြစ်သည်။
 
ခရီးသွားကန့်သတ်မှုများလည်းပြုလုပ်ထားပြီး မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများအကြီးအကျယ်မြင့် တက်လာမှုနောက်ကွယ်တွင်ရှိနေသော တရားမဝင်လုပ်သားများလူမှောင်ခိုကုန်ကူးခြင်းနှင့် တရားမဝင်လောင်း ကစားဝိုင်းများကို မသိကျွိုးကျွံပြုထားသည့် အရာရှိများနှင့် ပါဝင်သူများကို ပြတ်သားစွာအရေးယူမည်ဟုလည်း ကြေညာသည်။
 
ညွှန်ကြားချက်သစ်များကိုချိုးဖောက်ပါက အများဆုံးထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဘတ် ၄၀၀၀၀ အထိဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်စလုံးဖြစ်စေချမှတ်မည်ဖြစ်သည်။
 
Ref : Measures tightened in 5 areas
 
#PeopleMedia
 
(unicode)
……………………………………………
 
 
 
 
 
 
 
 
Ref : Measures tightened in 5 areas
 
#PeopleMedia

Share this post