• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္စပ်ံ႕ႏွံ႔ၿပီးေနာက္ပိုင္း ဝူဟန္ၿမိဳ႕မွာ ဗိုင္းရပ္စ္ကူးစက္မႈမ႐ွိေတာ့ေၾကာင္း တ႐ုတ္အစိုးရထုတ္ျပန္

ကို႐ိုနာဗိုင္းရပ္စ္စပ်ံ႕ႏွံ႔ၿပီးေနာက္ပိုင္း ဝူဟန္ၿမိဳ႕မွာ ဗိုင္းရပ္စ္ကူးစက္မႈမ႐ွိေတာ့ေၾကာင္း တ႐ုတ္အစိုးရထုတ္ျပန္

Share this post

ေဘက်င္း၊ မတ္ – ၁၉

ကမာၻတ၀န္းကို ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္ဟာ စတင္ေတြ႕႐ွိခဲ့တဲ့ဝူဟန္ၿမိဳ႕နဲ႔ ဝူဟန္႐ွိတဲ့ ဟူေဘးျပည္ နယ္တို႔မွာ ေနာက္ထပ္ကူးစက္ခံရမႈမ႐ွိေတာ့ဘူးလို႔ ဒီေန႔ မတ္ ၁၉ ရက္မွာ တ႐ုတ္က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း တ႐ုတ္ႏိုင္ငံမွာ ေနာက္ထပ္ကူးစက္သူ ၃၄ ေယာက္သာ႐ွိေနၿပီး အဲဒီလူအားလံုးဟာ ႏိုင္ငံျခားကလာသူေတြလို႔ ၀န္ႀကီးဌာနကေျပာတာပါ။ ဟူေဘးျပည္နယ္မွာ ေနာက္ထပ္ေသဆံုးသူ ၈ ေယာက္႐ွိ လာၿပီး ေသဆံုးသူ ၆ ေယာက္ဟာ ဝူဟန္ကျဖစ္ပါတယ္။

ေဘက်င္းမွာေတာ့ ေနာက္ထပ္ကူးစက္ခံရသူ ၃၄ ေယာက္ထဲက ၂၁ ေယာက္႐ွိေနပါတယ္။ လက္႐ွိမွာေတာ့ တ႐ုတ္ျပည္မႀကီးမွာ ကူးစက္ခံရသူ ၈၀၉၂၈ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၃၂၄၅ ေယာက္႐ွိေနပါၿပီ။ တ႐ုတ္ ႏိုင္ငံဟာ ခရီးသြားလာခြင့္ကန္႔သတ္ထားတာကို ျပန္ေျဖေလွ်ာ့႐ံုသာ႐ွိေသးေပမဲ့ ေက်ာင္းသားေတြျပန္၀င္လာ တာနဲ႔ အိမ္ျပန္လာတဲ့ႏိုင္ငံသားေတြကေန ကူးစက္မႈ႐ွိလာႏိ္ုင္တယ္လို႔ေမွ်ာ္လင့္ၿပီး ေဘက်င္း၊ ႐ွန္ဟိုင္းနဲ႔ တျခားၿမိဳ႕ေတြတိုင္းမွာ ႏိုင္ငံျခားကျပန္လာသူေတြကို ၁၄ ရက္ သီးသန္႔ေစာင့္ၾကည္ေနပါတယ္။

လူ ၇၀၀၀၀ ေက်ာ္ ေဆး႐ံုကဆင္းသြားၿပီး ကုသမႈခံယူေနေသးတဲ့လူ ၇၂၆၃ ေယာက္႐ွိေနပါေသးတယ္။ ၁၄ ရက္ ကူးစက္မႈအသစ္မ႐ွိဘူးဆိုရင္ ဝူဟန္ကို အလံုပိတ္ထားတာ ျပန္ေျဖေလွ်ာ့ေပးမယ္လို႔ တ႐ုတ္အစိုးရပိုင္ China Daily သတင္းစာကေဖာ္ျပပါတယ္။

#PeopleMedia #CoronaVirus #Wuhan #NoNewCases

(Unicode)
ကိုရိုနာဗိုင်းရပ်စ်စပျံ့နှံ့ပြီးနောက်ပိုင်း ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိတော့ကြောင်း တရုတ်အစိုးရထုတ်ပြန်
………………………………………………………………………

ဘေကျင်း၊ မတ် – ၁၉

ကမ္ဘာတဝန်းကို ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်ဟာ စတင်တွေ့ရှိခဲ့တဲ့ဝူဟန်မြို့နဲ့ ဝူဟန်ရှိတဲ့ ဟူဘေးပြည် နယ်တို့မှာ နောက်ထပ်ကူးစက်ခံရမှုမရှိတော့ဘူးလို့ ဒီနေ့ မတ် ၁၉ ရက်မှာ တရုတ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်နိုင်ငံမှာ နောက်ထပ်ကူးစက်သူ ၃၄ ယောက်သာရှိနေပြီး အဲဒီလူအားလုံးဟာ နိုင်ငံခြားကလာသူတွေလို့ ဝန်ကြီးဌာနကပြောတာပါ။ ဟူဘေးပြည်နယ်မှာ နောက်ထပ်သေဆုံးသူ ၈ ယောက်ရှိ လာပြီး သေဆုံးသူ ၆ ယောက်ဟာ ဝူဟန်ကဖြစ်ပါတယ်။

ဘေကျင်းမှာတော့ နောက်ထပ်ကူးစက်ခံရသူ ၃၄ ယောက်ထဲက ၂၁ ယောက်ရှိနေပါတယ်။ လက်ရှိမှာတော့ တရုတ်ပြည်မကြီးမှာ ကူးစက်ခံရသူ ၈၀၉၂၈ ယောက်ရှိနေပြီး သေဆုံးသူ ၃၂၄၅ ယောက်ရှိနေပါပြီ။ တရုတ် နိုင်ငံဟာ ခရီးသွားလာခွင့်ကန့်သတ်ထားတာကို ပြန်ဖြေလျှော့ရုံသာရှိသေးပေမဲ့ ကျောင်းသားတွေပြန်ဝင်လာ တာနဲ့ အိမ်ပြန်လာတဲ့နိုင်ငံသားတွေကနေ ကူးစက်မှုရှိလာနိ်ုင်တယ်လို့မျှော်လင့်ပြီး ဘေကျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့တွေတိုင်းမှာ နိုင်ငံခြားကပြန်လာသူတွေကို ၁၄ ရက် သီးသန့်စောင့်ကြည်နေပါတယ်။

လူ ၇၀၀၀၀ ကျော် ဆေးရုံကဆင်းသွားပြီး ကုသမှုခံယူနေသေးတဲ့လူ ၇၂၆၃ ယောက်ရှိနေပါသေးတယ်။ ၁၄ ရက် ကူးစက်မှုအသစ်မရှိဘူးဆိုရင် ဝူဟန်ကို အလုံပိတ်ထားတာ ပြန်ဖြေလျှော့ပေးမယ်လို့ တရုတ်အစိုးရပိုင် China Daily သတင်းစာကဖော်ပြပါတယ်။

#PeopleMedia #CoronaVirus #Wuhan #NoNewCases


Share this post