• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္တဲ့ပစၥည္းေတြ မျပည့္စံုဘူးလို႔ အိမ္ျဖဴေတာ္ဝန္ခံ

ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္တဲ့ပစၥည္းေတြ မျပည့္စံုဘူးလို႔ အိမ္ျဖဴေတာ္ဝန္ခံ

Share this post

ဝါရွင္တန္၊ မတ္ ၆

ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္ပစၥည္းေတြ ျပည့္ျပည့္စုံစုံမရွိဘူးလို႔ အေမရိကန္အိမ္ျဖဴေတာ္က ဝန္ခံလိုက္ပါတယ္။

အခုတစ္ပတ္အတြင္း စမ္းသပ္ပစၥည္းအခုေရ ၁ သန္းပို႔ေဆာင္ေပးဖို႔ရည္မွန္းခ်က္ကို အေမရိကန္သမၼတေဒၚနယ္ ထရမ့္အစိုးရမျပည့္မီႏိုင္ဘူးလို႔ ဒုတိယသမၼတမိုက္ပန္႔စ္ကေျပာပါတယ္။

ဗိုင္းရပ္စ္ျပန္႔ႏွံ႔မႈတိုက္ဖ်က္ႏိုင္ေအာင္ အေရးေပၚေထာက္ပံ့ေရးပစၥည္းပမာဏေတာ္ေတာ္မ်ားမ်ားကို ခြင့္ျပဳေပးဖို႔ ကြန္ဂရက္လႊတ္ေတာ္က ပုံမွန္မဟုတ္တဲ့အရွိန္နဲ႔လုပ္ေနပါတယ္။

ကမာၻတစ္ဝန္းမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရမႈ ၉၀၀၀၀ ေက်ာ္ရွိေနတယ္လို႔ အာဏာပိုင္ေတြကအတည္ျပဳပါ တယ္။

ကူးစက္မႈအမ်ားစုက ေရာဂါစေတြ႕ရွိတဲ့တ႐ုတ္ႏိုင္ငံမွာျဖစ္ပါတယ္။

ကမာၻတစ္ဝန္းမွာ ေသဆုံးသူ ၃၀၀၀ ေက်ာ္ရွိေနပါၿပီ။

Ref: Coronavirus: White House concedes US lacks enough test kits

#PeopleMedia #WhiteHouse #CoronaVirus #COVID19

(Unicode)
ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်တဲ့ပစ္စည်းတွေ မပြည့်စုံဘူးလို့ အိမ်ဖြူတော်ဝန်ခံ
………………………………………………………

ဝါရှင်တန်၊ မတ် ၆

ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ပစ္စည်းတွေ ပြည့်ပြည့်စုံစုံမရှိဘူးလို့ အမေရိကန်အိမ်ဖြူတော်က ဝန်ခံလိုက်ပါတယ်။

အခုတစ်ပတ်အတွင်း စမ်းသပ်ပစ္စည်းအခုရေ ၁ သန်းပို့ဆောင်ပေးဖို့ရည်မှန်းချက်ကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်အစိုးရမပြည့်မီနိုင်ဘူးလို့ ဒုတိယသမ္မတမိုက်ပန့်စ်ကပြောပါတယ်။

ဗိုင်းရပ်စ်ပြန့်နှံ့မှုတိုက်ဖျက်နိုင်အောင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းပမာဏတော်တော်များများကို ခွင့်ပြုပေးဖို့ ကွန်ဂရက်လွှတ်တော်က ပုံမှန်မဟုတ်တဲ့အရှိန်နဲ့လုပ်နေပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု ၉၀၀၀၀ ကျော်ရှိနေတယ်လို့ အာဏာပိုင်တွေကအတည်ပြုပါ တယ်။

ကူးစက်မှုအများစုက ရောဂါစတွေ့ရှိတဲ့တရုတ်နိုင်ငံမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပါပြီ။

Ref: Coronavirus: White House concedes US lacks enough test kits

#PeopleMedia #WhiteHouse #CoronaVirus #COVID19


Share this post