• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္တိ္ုက္ဖ်က္ေနတဲ့လုပ္ငန္းေတြအတြက္ တ႐ုတ္က ေဒၚလာ ၄၃ ဘီလီယံလွဴဒါန္း

ကို႐ိုနာဗိုင္းရပ္စ္တိ္ုက္ဖ်က္ေနတဲ့လုပ္ငန္းေတြအတြက္ တ႐ုတ္က ေဒၚလာ ၄၃ ဘီလီယံလွဴဒါန္း

Share this post

ေဘက်င္း၊ ေဖေဖာ္ဝါရီ ၁၀

တ႐ုတ္ႏိုင္ငံကေန စတင္ျပန္႔ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ 2019-nCoV ကို တိုက္ဖ်က္ရာမွာ ပါ၀င္ေနတဲ့ လုပ္ငန္း ေတြအကူအညီျဖစ္ဖို႔ အခုတစ္ပတ္ကစၿပီး ေဒၚလာ ၄၃ ဘီလီယံလွဴဒါန္းသြားမယ္လို႔ တ႐ုတ္ဗဟိုဘဏ္က ေဖေဖာ္ဝါရီ ၉ ရက္ တနဂၤေႏြေန႔မွာထုတ္ျပန္ပါတယ္။

ကပ္ေရာဂါထိန္းခ်ဳပ္ဖို႔နဲ႔ ကာကြယ္ဖို႔ပါ၀င္ေနတဲ့လုပ္ငန္းစုေတြကို ေခ်းေငြထုတ္ေပးႏိုင္ဖို႔ ဘ႑ာေရးအဖြဲ႕အစည္း ေတြကို ေထာက္ပံ့မယ့္ အထူးျပန္ေခ်းေငြပထမတစ္သုတ္ကို တနလၤာေန႔ကစၿပီးထုတ္ေပးသြားမယ္လို႔ တ႐ုတ္ ျပည္သူ႔ဘဏ္ကေျပာပါတယ္။ တစ္ႏိုင္ငံလံုးအႏွံ႔႐ွိတဲ့ဘဏ္ ၉ ဘဏ္၊ ျပည္နယ္နဲ႔ၿမိဳ႕ ၁၀ ၿမိဳ႕မွာ႐ွိတဲ့ ေဒသ အလိုက္ဘဏ္ေတြဟာ အထူးေထာက္ပံံ့ေငြအတြက္ အရည္အခ်င္းျပည့္မီတယ္လို႔ ဗဟိုဘဏ္ဒုတိယဥကၠ႒ လ်ဴေဂါင္က်န္းကေျပာပါတယ္။

ဗိုင္းရပ္စ္စျပန္႔ခဲ့တဲ့ဟူေဘးျပည္နယ္၊ က်ီက်န္း၊ ဂြမ္ေဒါင္း၊ ၿမိဳ႕ေတာ္ေဘက်င္းနဲ႔ ဘ႑ာေရးအခ်က္အခ်ာ႐ွန္ဟိုင္း ၿမိဳ႕တို႔ကလုပ္ငန္းေတြပါ၀င္ေနတာပါ။ ကုမၸဏီေတြကို ႏိုင္ငံအဆင့္နဲ႔ေဒသအဆင့္ ကူညီဖို႔ရည္႐ြယ္တာလို႔လည္း လ်ဴကေျပာပါတယ္။

ဘ႑ာေရးအဖြဲ႕အစည္းေတြအေနနဲ႔ ေငြကိုသံုးသပ္ၿပီး ျမန္ျမန္ေခ်းေငြထုတ္ေခ်းသင့္တဲ့အျပင္ ႏွစ္ရက္အတြင္း ထုတ္ေခ်းသင့္တယ္လို႔လည္း တိုက္တြန္းပါတယ္။ တနလၤာေန႔အထိဆိုရင္ ဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူ ၉၀၀ ေက်ာ္ေနၿပီး ကူးစက္ခံရသူ ၃၉၈၀၀ ေက်ာ္႐ွိေနၿပီျဖစ္ပါတယ္။

Source – AFP

Photo – People’s Daily China

#PeopleMedia #China #FinancialAssistance #2019nCoV

(Unicode)
ကိုရိုနာဗိုင်းရပ်စ်တိ်ုက်ဖျက်နေတဲ့လုပ်ငန်းတွေအတွက် တရုတ်က ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်း
………………………………………………………

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၀

တရုတ်နိုင်ငံကနေ စတင်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် 2019-nCoV ကို တိုက်ဖျက်ရာမှာ ပါဝင်နေတဲ့ လုပ်ငန်း တွေအကူအညီဖြစ်ဖို့ အခုတစ်ပတ်ကစပြီး ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်းသွားမယ်လို့ တရုတ်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၉ ရက် တနင်္ဂနွေနေ့မှာထုတ်ပြန်ပါတယ်။

ကပ်ရောဂါထိန်းချုပ်ဖို့နဲ့ ကာကွယ်ဖို့ပါဝင်နေတဲ့လုပ်ငန်းစုတွေကို ချေးငွေထုတ်ပေးနိုင်ဖို့ ဘဏ္ဍာရေးအဖွဲ့အစည်း တွေကို ထောက်ပံ့မယ့် အထူးပြန်ချေးငွေပထမတစ်သုတ်ကို တနင်္လာနေ့ကစပြီးထုတ်ပေးသွားမယ်လို့ တရုတ် ပြည်သူ့ဘဏ်ကပြောပါတယ်။ တစ်နိုင်ငံလုံးအနှံ့ရှိတဲ့ဘဏ် ၉ ဘဏ်၊ ပြည်နယ်နဲ့မြို့ ၁၀ မြို့မှာရှိတဲ့ ဒေသ အလိုက်ဘဏ်တွေဟာ အထူးထောက်ပံ့ငွေအတွက် အရည်အချင်းပြည့်မီတယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ လျူဂေါင်ကျန်းကပြောပါတယ်။

ဗိုင်းရပ်စ်စပြန့်ခဲ့တဲ့ဟူဘေးပြည်နယ်၊ ကျီကျန်း၊ ဂွမ်ဒေါင်း၊ မြို့တော်ဘေကျင်းနဲ့ ဘဏ္ဍာရေးအချက်အချာရှန်ဟိုင်း မြို့တို့ကလုပ်ငန်းတွေပါဝင်နေတာပါ။ ကုမ္ပဏီတွေကို နိုင်ငံအဆင့်နဲ့ဒေသအဆင့် ကူညီဖို့ရည်ရွယ်တာလို့လည်း လျူကပြောပါတယ်။

ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ ငွေကိုသုံးသပ်ပြီး မြန်မြန်ချေးငွေထုတ်ချေးသင့်တဲ့အပြင် နှစ်ရက်အတွင်း ထုတ်ချေးသင့်တယ်လို့လည်း တိုက်တွန်းပါတယ်။ တနင်္လာနေ့အထိဆိုရင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၉၀၀ ကျော်နေပြီး ကူးစက်ခံရသူ ၃၉၈၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Source – AFP

Photo – People’s Daily China

#PeopleMedia #China #FinancialAssistance #2019nCoV


Share this post