• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္တံု႔ျပန္ေရးအတြက္ ဘီလ္ဂိတ္နဲ႔ဇနီးသည္ရဲ႕ေဖာင္ေဒး႐ွင္း ေဒၚလာသန္း ၁၀၀ လွဴဒါန္း

ကို႐ိုနာဗိုင္းရပ္စ္တံု႔ျပန္ေရးအတြက္ ဘီလ္ဂိတ္နဲ႔ဇနီးသည္ရဲ႕ေဖာင္ေဒး႐ွင္း ေဒၚလာသန္း ၁၀၀ လွဴဒါန္း

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၆

ဘီႏွင့္မယ္လင္ဒါဂိတ္ေဖာင္ေဒး႐ွင္းက လူ ၅၀၀ ေလာက္ေသဆံုးခဲ့တဲ့ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကို ကမာၻအႏွံ႔ တံု႔ျပန္ေရးအတြက္ အေမရိကန္ေဒၚလာသန္း ၁၀၀ ေပးလွဴသြားမယ္လို႔ ဗုဒၶဟူးေန႔မွာကတိျပဳလိုက္ပါတယ္။ အႏၲရာယ္ေရာက္ေနတဲ့လူေတြကိုကာကြယ္ဖို႔နဲ႔ ကာကြယ္ေဆးနဲ႔ေရာဂါ႐ွာေဖြမႈေတြတိုးတက္လာဖို႔ ေရာဂါ႐ွာေဖြ ေရး၊ ခြဲထုတ္ေရးနဲ႔ ကုသေရးႀကိဳးစားမႈေတြပိုအားေကာင္းဖို႔အသံုးျပဳသြားမယ္လို႔ ေဖာင္ေဒး႐ွင္းကေျပာပါတယ္။

ဇန္နဝါရီလကုန္ပိုင္းကကတိျပဳခဲ့တဲ့အေမရိကန္ေဒၚလာ ၁၀ သန္းလည္း အခုလွဴဒါန္းမွဳမွာပါ၀င္ပါတယ္။ ကမာၻ႔ က်န္းမာေရးအဖြဲ႕ W.H.O၊ အေမရိကန္ေရာဂါထိန္းခ်ဳပ္မႈႏွင့္ ကာကြယ္ေရးစင္တာ၊ တ႐ုတ္အမ်ိဳးသားက်န္းမာ ေရးေကာ္မ႐ွင္နဲ႔ တ႐ုတ္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးေရးစင္တာတို႔ကို အေမရိကန္ေဒၚလာသန္း ၂၀ တိ္ုက္ ႐ိုက္လွဴဒါန္းသြားမယ္လို႔ ေဖာင္ေဒး႐ွင္းကေျပာပါတယ္။

ေနာက္ထပ္ေဒၚလာသန္း ၂၀ ကိုေတာ့ ၂၀၀၉ ခုႏွစ္က ၀က္တုပ္ေကြးျပန္႔ပြားခဲ့စဥ္ အခ်ိဳးမညီဘဲခံစားခဲ့ရတဲ့ အာ ဖရိကဆာဟာရသဲကႏာၱရေဒသခြဲေတြနဲ႔ ေတာင္အာ႐ွတို႔က ျပည္သူ႔က်န္းမာေရးအာဏာပိုင္ေတြကို ကူညီဖို႔ေပး သြားမယ္လို႔လည္း သိရပါတယ္။

ေနာက္ထပ္ေဒၚလာသန္း ၆၀ ကိုေတာ့ ႐ွာေဖြမႈ၊ ကုသေဆးနဲ႔ ကာကြယ္ေဆးေတြစမ္းသပ္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္မႈေတြနဲ႔ ေရာဂါ႐ွာေဖြမႈေတြအ႐ွိန္ႁမွင့္တင္ဖို႔ လွဴဒါန္းသြားမယ္လို႔လည္း ကတိျပဳပါတယ္။

Source – AFP

Photo – Melinda Gates Twitter

#PeopleMedia #BillandMelindaGates #GatesFoundation #Philanthropy #2019nCoV

(Unicode)
ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးအတွက် ဘီလ်ဂိတ်နဲ့ဇနီးသည်ရဲ့ဖောင်ဒေးရှင်း ဒေါ်လာသန်း ၁၀၀ လှူဒါန်း
…………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၆

ဘီနှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းက လူ ၅၀၀ လောက်သေဆုံးခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာအနှံ့ တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ပေးလှူသွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာကတိပြုလိုက်ပါတယ်။ အန္တရာယ်ရောက်နေတဲ့လူတွေကိုကာကွယ်ဖို့နဲ့ ကာကွယ်ဆေးနဲ့ရောဂါရှာဖွေမှုတွေတိုးတက်လာဖို့ ရောဂါရှာဖွေ ရေး၊ ခွဲထုတ်ရေးနဲ့ ကုသရေးကြိုးစားမှုတွေပိုအားကောင်းဖို့အသုံးပြုသွားမယ်လို့ ဖောင်ဒေးရှင်းကပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းကကတိပြုခဲ့တဲ့အမေရိကန်ဒေါ်လာ ၁၀ သန်းလည်း အခုလှူဒါန်းမှုမှာပါဝင်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ W.H.O၊ အမေရိကန်ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ရေးစင်တာ၊ တရုတ်အမျိုးသားကျန်းမာ ရေးကော်မရှင်နဲ့ တရုတ်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာတို့ကို အမေရိကန်ဒေါ်လာသန်း ၂၀ တိ်ုက် ရိုက်လှူဒါန်းသွားမယ်လို့ ဖောင်ဒေးရှင်းကပြောပါတယ်။

နောက်ထပ်ဒေါ်လာသန်း ၂၀ ကိုတော့ ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေးပြန့်ပွားခဲ့စဉ် အချိုးမညီဘဲခံစားခဲ့ရတဲ့ အာ ဖရိကဆာဟာရသဲကနာ္တရဒေသခွဲတွေနဲ့ တောင်အာရှတို့က ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေကို ကူညီဖို့ပေး သွားမယ်လို့လည်း သိရပါတယ်။

နောက်ထပ်ဒေါ်လာသန်း ၆၀ ကိုတော့ ရှာဖွေမှု၊ ကုသဆေးနဲ့ ကာကွယ်ဆေးတွေစမ်းသပ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်မှုတွေနဲ့ ရောဂါရှာဖွေမှုတွေအရှိန်မြှင့်တင်ဖို့ လှူဒါန်းသွားမယ်လို့လည်း ကတိပြုပါတယ်။

Source – AFP

Photo – Melinda Gates Twitter

#PeopleMedia #BillandMelindaGates #GatesFoundation #Philanthropy #2019nCoV


Share this post