• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်တကြိမ်ကူးစက်ခံထားရပါက လပေါင်းများစွာကြာအောင် ရောဂါခံနိုင်စွမ်းရှိနေဟု လေ့လာမှု တရပ်တွင်တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်တကြိမ်ကူးစက်ခံထားရပါက လပေါင်းများစွာကြာအောင် ရောဂါခံနိုင်စွမ်းရှိနေဟု လေ့လာမှု တရပ်တွင်တွေ့ရှိ

Share this post

လန်ဒန်၊ ဇန်နဝါရီ ၁၅
မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအများစုအနေဖြင့် အနည်းဆုံး ၅ လကြာအောင် ကိုရိုနာ ဗိုင်းရပ်စ်ထပ်မံကူးစက်နိုင်ချေမရှိရန် အကာအကွယ်ဖြစ်နေကြောင်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်သည့်လေ့လာမှုတခုတွင်တွေ့ရသည်။
ယခင်ကူးစက်ခံထားရပါက တခါမှမကူးစက်ဖူးသူများထက် ထပ်မံကူးစက်နိုင်ချေ ၈၃ ရာခိုင်နှုန်းအထိလျော့ ကျနိုင်ကြောင်း သိပ္ပံပညာရှင်များကတွေ့ရှိခဲ့သည်။
လေ့လာမှုကိုဦးဆောင်ခဲ့သည့် ပါမောက္ခ ဆူဆန် ဟော့ကင်းက ရလဒ်များက အားရစရာကောင်းကြောင်းပြောပြီး ရောဂါခုခံနိုင်စွမ်းသည် လူတချို့ကြောက်လန့်သည်ထက် ပို၍ကြာရှည်ကြောင်း၊ သို့သော်လည်း လုံးဝကာကွယ် ထားခြင်းမဟုတ်ကြောင်း သတိပေးသည်။
ထပ်မံကူးစက်ခံရသူအချို့တွင် ရောဂါလက္ခဏာမပြနိုင်သော်လည်း ဗိုင်းရပ်စ်ပမာဏမြင့်မားခြင်းသည် သိသိသာ သာစိုးရိမ်စရာကောင်းကြောင်းနှင့် အခြားသူများကို ကူးစက်နိုင်သည့်အန္တရာယ်ရှိကြောင်းလည်း သူကရှင်းပြ သည်။
သို့သော် ကျွမ်းကျင်သူများကလည်း အချို့လူများသည် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်နိုင်ပြီး အခြားသူများကို ကူးစက်နိုင်ကြောင်း သတိပေးသည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသည့်ဖြစ်စေ၊ မကူးခံထားရသည်ဖြစ်စေ အိမ်တွင်နေရန်စည်းကမ်းများကိုလိုက်နာရန် လည်း အာဏာပိုင်များက တိုက်တွန်းသည်။
Ref : Past Covid-19 infection may provide ‘months of immunity’
#PeopleMedia
(unicode)
…………………………………………………………..
Ref : Past Covid-19 infection may provide ‘months of immunity’
#PeopleMedia


Share this post