• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲအသစ္ေၾကာင့္ အႀကီးအက်ယ္သတိေပးရန္မလိုေသးဟု WHO ေျပာ

ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲအသစ္ေၾကာင့္ အႀကီးအက်ယ္သတိေပးရန္မလိုေသးဟု WHO ေျပာ

Share this post

ဂ်ီနီဗာ၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ၿဗိတိန္တြင္ေပၚထြက္ခဲ့သည့္ကူးစက္ျမန္ကို႐ိုနာဗိုင္းရပ္စ္သစ္အေရး အႀကီးအက်ယ္သတိေပးခ်က္မ်ား ထုတ္ျပန္ျခင္းအေပၚ ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO)ကသတိေပးခဲ့ၿပီး ထိုမ်ိဳးကြဲသည္ ကမာၻ႔ကပ္ေရာဂါ၏ အဆင့္ျမင့္လာျခင္းတစိတ္တပိုင္းသာျဖစ္ေၾကာင္းေျပာသည္။
 
ၿဗိတိန္ႏွင့္ေတာင္အာဖရိကႏိုင္ငံတို႔အေပၚခရီးသြားကန္႔သတ္ျခင္းမ်ားသတ္မွတ္ခဲ့သည့္မ်ိဳးကြဲေတြ႕႐ွိျခင္းသည္ ဗိုင္းရပ္စ္ကိုေျခရာခံသည့္ကိရိယာမ်ားအလုပ္လုပ္ေနျခင္းျဖစ္ေၾကာင္းလည္း WHO အရာ႐ွိမ်ားကေျပာသည္။
 
ၿဗိတိန္မွအခ်က္အလက္မ်ားကိုကိုးကားၿပီး ထပ္ေတြ႕ရသည့္မ်ိဳးကြဲသည္ ကူးစက္မႈပိုမိုျမန္ေသာ္လည္း ႐ွိေန သည့္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲမ်ားထက္ လူမ်ားကို ပိုဖ်ားနာေစရန္လုပ္ႏိုင္ေၾကာင္း သို႔မဟုတ္ ေသဆံုးေစႏိုင္ ေၾကာင္း အေထာက္အထားမ်ားမေတြ႕ေၾကာင္း WHO အေရးေပၚအေျခအေနမ်ားဆိုင္ရာအႀကီးအကဲ မိုက္ ႐ိုင္ယန္ကေျပာသည္။
 
ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးဗီဇေျပာင္းလာျခင္းသည္ တုပ္ေကြးေရာဂါထက္ပိုေႏွးၿပီး ၿဗိတိန္တြင္စေတြ႕ရသည့္မ်ိဳးကြဲ သည္ပင္ ပါးခ်ိတ္ေယာင္နာထက္ ပိုၿပီးကူးစက္ႏိုင္ျခင္းေလ်ာ့နည္းေၾကာင္းလည္းေျပာသည္။
 
လာမည့္ရက္ပိုင္း၊ သီတင္းပတ္ပိုင္းအတြင္း ကူးစက္ျမန္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ၏ျဖစ္လာႏိုင္သည့္ဆိုးက်ိဳးမ်ား အေသးစိတ္ကိုရႏိုင္မည္ဟုလည္း WHO က ေမွ်ာ္လင့္ေနသည္။
 
Ref : WHO says no need for major alarm over new COVID-19 strain
 
#PeopleMedia
 
(unicode)
ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်ကြောင့် အကြီးအကျယ်သတိပေးရန်မလိုသေးဟု WHO ပြော
…………………………………………………………
 
ဂျီနီဗာ၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဗြိတိန်တွင်ပေါ်ထွက်ခဲ့သည့်ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်သစ်အရေး အကြီးအကျယ်သတိပေးချက်များ ထုတ်ပြန်ခြင်းအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကသတိပေးခဲ့ပြီး ထိုမျိုးကွဲသည် ကမ္ဘာ့ကပ်ရောဂါ၏ အဆင့်မြင့်လာခြင်းတစိတ်တပိုင်းသာဖြစ်ကြောင်းပြောသည်။
 
ဗြိတိန်နှင့်တောင်အာဖရိကနိုင်ငံတို့အပေါ်ခရီးသွားကန့်သတ်ခြင်းများသတ်မှတ်ခဲ့သည့်မျိုးကွဲတွေ့ရှိခြင်းသည် ဗိုင်းရပ်စ်ကိုခြေရာခံသည့်ကိရိယာများအလုပ်လုပ်နေခြင်းဖြစ်ကြောင်းလည်း WHO အရာရှိများကပြောသည်။
 
ဗြိတိန်မှအချက်အလက်များကိုကိုးကားပြီး ထပ်တွေ့ရသည့်မျိုးကွဲသည် ကူးစက်မှုပိုမိုမြန်သော်လည်း ရှိနေ သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများထက် လူများကို ပိုဖျားနာစေရန်လုပ်နိုင်ကြောင်း သို့မဟုတ် သေဆုံးစေနိုင် ကြောင်း အထောက်အထားများမတွေ့ကြောင်း WHO အရေးပေါ်အခြေအနေများဆိုင်ရာအကြီးအကဲ မိုက် ရိုင်ယန်ကပြောသည်။
 
ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်းလာခြင်းသည် တုပ်ကွေးရောဂါထက်ပိုနှေးပြီး ဗြိတိန်တွင်စတွေ့ရသည့်မျိုးကွဲ သည်ပင် ပါးချိတ်ယောင်နာထက် ပိုပြီးကူးစက်နိုင်ခြင်းလျော့နည်းကြောင်းလည်းပြောသည်။
 
လာမည့်ရက်ပိုင်း၊ သီတင်းပတ်ပိုင်းအတွင်း ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ၏ဖြစ်လာနိုင်သည့်ဆိုးကျိုးများ အသေးစိတ်ကိုရနိုင်မည်ဟုလည်း WHO က မျှော်လင့်နေသည်။
 
Ref : WHO says no need for major alarm over new COVID-19 strain
 
#PeopleMedia

Share this post