• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ရင်းမြစ်ကိုသိရရန် အရာအားလုံးလုပ်ဆောင်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော


Share this post

ဂျီနီဗာ၊ ဒီဇင်ဘာ ၁







#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ရင်းမြစ်ကိုသိရရန် အရာအားလုံးလုပ်ဆောင်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
……………………………………………

ဂျီနီဗာ၊ ဒီဇင်ဘာ ၁

ကိုရိုနာဗိုင်းရပ်စ်ရောဂါ၏တိရစ္ဆာန်ရင်းမြစ်ကိုဖော်ထုတ်ရန် အရာအားလုံးလုပ်ဆောင်သွားမည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က တနင်္လာနေ့တွင်ပြောသည်။

ရင်းမြစ်ကိုသိချင်ကြောင်းနှင့် ရင်းမြစ်ကိုသိရန် အရာအားလုံးလုပ်မည်ဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူး ချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီးစပ်က တနင်္လာနေ့တွင်ပြောသည်။

ဆန်းကြယ်မှုကို အတွင်းကျကျသိရှိရန်ရည်ရွယ်နေကြောင်းနှင့် တရုတ်နိုင်ငံကိုစစ်ဆေးရန်စွပ်စွဲနေသည့် ဝေဖန်သူများကိုလည်း ထိုကိစ္စအား နိုင်ငံရေးအသွင်ပြောင်းနေခြင်းရပ်ရန် တိုက်တွန်းခဲ့သည်။

၂၀၁၉ ခုနှစ်အကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်တွေ့ရှိခဲ့ပြီး ယနေ့ အထိ ကမ္ဘာတဝန်းတွင် ကူးစက်အတည်ပြုလူနာ ၆၃ သန်းကျော်နှင့် သေဆုံးသူ ၁.၄၆ သန်းကျော်ရှိနေ သည်။

ထိုဗိုင်းရပ်စ်သည် လင်းနို့များမှလာသည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယူဆနေကြပြီး လင်းနို့များနှင့်လူများကြား ကူးစက်ခြင်းကို ယခုအချိန်အထိမရှင်းလင်းသေးချေ။

Ref : WHO chief: Will do everything to find Covid-19 origins

#PeopleMedia


Share this post