• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္အေရး႐ွိခ်ိန္ ကမာၻ႔ပဋိပကၡမ်ားတြင္အပစ္ရပ္ၾကရန္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆို

ကို႐ိုနာဗိုင္းရပ္စ္အေရး႐ွိခ်ိန္ ကမာၻ႔ပဋိပကၡမ်ားတြင္အပစ္ရပ္ၾကရန္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆို

Share this post

နယူးေယာက္၊ မတ္ ၂၄

ကမာၻတ၀န္းကို႐ိုနာဗိုင္းရပ္စ္အေရးရင္ဆိုင္ေနရခ်ိန္တြင္ လက္နက္မ်ားပစ္ခ်ၿပီး ပိုႀကီးမားသည့္တိုက္ပြဲျဖစ္သည့္ ကို႐ိုနာဗိ္ုင္းရပ္စ္အေရးရင္ဆိုင္ေျဖ႐ွင္းမႈမ်ားကို ေထာက္ခံၾကရန္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္ေထာ္ေညာ္ ဂူတားစ္က တနလၤာေန႔တြင္ တိုက္တြန္းလိုက္သည္။

“ဗိုင္းရပ္စ္ရဲ႕အဖ်က္စြမ္းအားက စစ္ပြဲေတြဟာ အဓိပၸာယ္မ႐ွိဘူးဆိုတာျပေနပါတယ္။ ဒါ့ေၾကာင့္ ဒီေန႔ ကမာၻ႔ ေနရာတိုင္းမွာ ခ်က္ခ်င္းအပစ္ရပ္ၾကဖို႔ ကၽြန္ေတာ္ေတာင္းဆိုပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြကို အလံု ပိတ္ထားၿပီးေတာ့ ကၽြန္ေတာ္တို႔အသက္႐ွင္သန္မႈေတြအတြက္ အမွန္တကယ္တိုက္ခိုက္ႏိုင္ေအာင္ အာ႐ံုစိုက္ ၾကဖို႔အခ်ိန္ျဖစ္ပါတယ္” ဟု ဂူတားစ္ကေျပာသည္။

ယေန႔မနက္အထိစာရင္းမ်ားအရ ကမာၻတ၀န္းတြင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၃၈၁၇၄၄ ေယာက္ ႐ွိေနၿပီး ေသဆံုး သူ ၁၆၅၅၈ ေယာက္႐ွိသည္။ ျပန္သက္သာလာသူ ၁၀၂၄၂၉ ေယာက္႐ွိလာေၾကာင္းလည္း worldometers. info ၀က္ဆိုက္၏ အခ်က္အလက္မ်ားအရသိရသည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပြားသည့္ COVID-19 ေရာဂါမွာ မည္သည့္ႏိုင္ငံသား၊ လူမ်ိဳးႏွင့္ လူအခ်င္းခ်င္းၾကား ကြဲျပားမႈမ်ားကို ဂ႐ုမစိုက္ဘဲ စစ္ျဖစ္ေနသည့္အခ်ိန္အပါအ၀င္အားလံုးကို အၫွာအတာကင္းမဲ့စြာ တိုက္ခိုက္ေန ေၾကာင္းလည္း ဂူတားစ္ကေျပာသည္။ အမ်ိဳးသမီးမ်ားႏွင့္ကေလးငယ္မ်ား၊ မသန္စြမ္းမ်ားႏွင့္ ဒုကၡသည္မ်ား သည္ အထိအခိုက္အမ်ားဆံုးလူမ်ားျဖစ္ေၾကာင္းလည္း သတိေပးသည္။

ကို႐ိုနာဗိုင္းရပ္စ္ေနာက္ထပ္ကူးစက္မႈမ်ားေလွ်ာ့ခ်ရန္ ၀န္ထမ္းမ်ားကို အိမ္တြင္ေနၿပီး အလုပ္လုပ္ရန္ၫႊန္ၾကား ထားသည့္ နယူးေယာက္ၿမိဳ႕မွကုလသမဂၢ႐ံုးတြင္ ဂူတားစ္က အင္တာနက္မွ တစ္ဆင့္ သတင္းစာ႐ွင္းလင္းပြဲလုပ္ ရာတြင္ ေျပာဆိုျခင္းျဖစ္သည္။ ကုလသမဂၢအေနႏွင့္ ယခုအခ်ိန္တြင္ တက္တက္ႂကြႂကြပါ၀င္သြားရန္ စိတ္ပိုင္း ျဖတ္ထားေၾကာင္းလည္း ေျပာသည္။

Ref : COVID-19: UN chief calls for global ceasefire to focus on ‘the true fight of our lives’

#PeopleMedia #COVID19 #UN

(Unicode)
ကိုရိုနာဗိုင်းရပ်စ်အရေးရှိချိန် ကမ္ဘာ့ပဋိပက္ခများတွင်အပစ်ရပ်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တောင်းဆို
………………………………………………

နယူးယောက်၊ မတ် ၂၄

ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်အရေးရင်ဆိုင်နေရချိန်တွင် လက်နက်များပစ်ချပြီး ပိုကြီးမားသည့်တိုက်ပွဲဖြစ်သည့် ကိုရိုနာဗိ်ုင်းရပ်စ်အရေးရင်ဆိုင်ဖြေရှင်းမှုများကို ထောက်ခံကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတားစ်က တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်။

“ဗိုင်းရပ်စ်ရဲ့အဖျက်စွမ်းအားက စစ်ပွဲတွေဟာ အဓိပ္ပာယ်မရှိဘူးဆိုတာပြနေပါတယ်။ ဒါ့ကြောင့် ဒီနေ့ ကမ္ဘာ့ နေရာတိုင်းမှာ ချက်ချင်းအပစ်ရပ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကို အလုံ ပိတ်ထားပြီးတော့ ကျွန်တော်တို့အသက်ရှင်သန်မှုတွေအတွက် အမှန်တကယ်တိုက်ခိုက်နိုင်အောင် အာရုံစိုက် ကြဖို့အချိန်ဖြစ်ပါတယ်” ဟု ဂူတားစ်ကပြောသည်။

ယနေ့မနက်အထိစာရင်းများအရ ကမ္ဘာတဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၁၇၄၄ ယောက် ရှိနေပြီး သေဆုံး သူ ၁၆၅၅၈ ယောက်ရှိသည်။ ပြန်သက်သာလာသူ ၁၀၂၄၂၉ ယောက်ရှိလာကြောင်းလည်း worldometers. info ဝက်ဆိုက်၏ အချက်အလက်များအရသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသည့် COVID-19 ရောဂါမှာ မည်သည့်နိုင်ငံသား၊ လူမျိုးနှင့် လူအချင်းချင်းကြား ကွဲပြားမှုများကို ဂရုမစိုက်ဘဲ စစ်ဖြစ်နေသည့်အချိန်အပါအဝင်အားလုံးကို အညှာအတာကင်းမဲ့စွာ တိုက်ခိုက်နေ ကြောင်းလည်း ဂူတားစ်ကပြောသည်။ အမျိုးသမီးများနှင့်ကလေးငယ်များ၊ မသန်စွမ်းများနှင့် ဒုက္ခသည်များ သည် အထိအခိုက်အများဆုံးလူများဖြစ်ကြောင်းလည်း သတိပေးသည်။

ကိုရိုနာဗိုင်းရပ်စ်နောက်ထပ်ကူးစက်မှုများလျှော့ချရန် ဝန်ထမ်းများကို အိမ်တွင်နေပြီး အလုပ်လုပ်ရန်ညွှန်ကြား ထားသည့် နယူးယောက်မြို့မှကုလသမဂ္ဂရုံးတွင် ဂူတားစ်က အင်တာနက်မှ တစ်ဆင့် သတင်းစာရှင်းလင်းပွဲလုပ် ရာတွင် ပြောဆိုခြင်းဖြစ်သည်။ ကုလသမဂ္ဂအနေနှင့် ယခုအချိန်တွင် တက်တက်ကြွကြွပါဝင်သွားရန် စိတ်ပိုင်း ဖြတ်ထားကြောင်းလည်း ပြောသည်။

Ref : COVID-19: UN chief calls for global ceasefire to focus on ‘the true fight of our lives’

#PeopleMedia #COVID19 #UN


Share this post