• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္မွာ က်င္းပမယ့္ အာဆီယံထိပ္သီး အစည္းအေ၀း ေ႐ႊ႕ဆိုင္း

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္မွာ က်င္းပမယ့္ အာဆီယံထိပ္သီး အစည္းအေ၀း ေ႐ႊ႕ဆိုင္း

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၂၉

လတ္စ္ဗီးဂတ္စ္ၿမိဳ႕မွာ မတ္လအတြင္းက်င္းပမယ့္ အာဆီယံေဒသတြင္းထိပ္သီးအစည္းအေ၀းကို အခ်ိန္ေ႐ႊ႕ ဆိုင္းလိုက္တယ္လို႔ အမည္မေဖာ္လိုသူအေမရိကန္အရာ႐ွိႀကီးတစ္ေယာက္က ေသာၾကာေန႔မွာေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္စိုးရိမ္ေနရလို႔ ေ႐ႊ႕ဆိုင္းခဲ့တာပါ။

“ႏိုင္ငံတကာအသိုက္အ၀န္းက ကို႐ိုနာဗိုင္းရပ္စ္ကို ႏွိပ္ႏွင္းဖို႔အတူအလုပ္လုပ္ေနၾကခ်ိန္မွာ အာဆီယံမိတ္ဖက္ ေတြရဲ႕ အႀကံေပးခ်က္နဲ႔ အာဆီယံေခါင္းေဆာင္ေတြအစည္းအေ၀းကိုေ႐ႊ႕ဆိုင္းဖို႔ အေမရိကန္ကခက္ခဲတဲ့ဆံုး ျဖတ္ခ်က္ခ်ခဲ့ရတာပါ”လို႔ေျပာတာပါ။

အာဆီယံေခါင္းေဆာင္ေတြကို မတ္ ၁၄ ရက္မွာ အေမရိကန္သမၼတေဒၚနယ္ ထရမ့္က အိမ္႐ွင္အျဖစ္လက္ခံ ႀကိဳဆိုမွာပါ။

“ဒီအေရးႀကီးတဲ့ေဒသ(အာဆီယံ)နဲ႔ ဆက္ဆံေရးကို အေမရိကန္က တန္ဖိုးထားၿပီးေတာ့ အနာဂတ္အစည္း အေ၀းေတြကိုလည္း ေမွ်ာ္လင့္ေနပါတယ္”လို႔လည္း အရာ႐ွိႀကီးကေျပာပါတယ္။

Ref: US postpones ASEAN regional summit due to coronavirus: US official

#PeopleMedia #USA #ASEANSummit #LasVegas

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေး ရွှေ့ဆိုင်း
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၂၉

လတ်စ်ဗီးဂတ်စ်မြို့မှာ မတ်လအတွင်းကျင်းပမယ့် အာဆီယံဒေသတွင်းထိပ်သီးအစည်းအဝေးကို အချိန်ရွှေ့ ဆိုင်းလိုက်တယ်လို့ အမည်မဖော်လိုသူအမေရိကန်အရာရှိကြီးတစ်ယောက်က သောကြာနေ့မှာပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်နေရလို့ ရွှေ့ဆိုင်းခဲ့တာပါ။

“နိုင်ငံတကာအသိုက်အဝန်းက ကိုရိုနာဗိုင်းရပ်စ်ကို နှိပ်နှင်းဖို့အတူအလုပ်လုပ်နေကြချိန်မှာ အာဆီယံမိတ်ဖက် တွေရဲ့ အကြံပေးချက်နဲ့ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးကိုရွှေ့ဆိုင်းဖို့ အမေရိကန်ကခက်ခဲတဲ့ဆုံး ဖြတ်ချက်ချခဲ့ရတာပါ”လို့ပြောတာပါ။

အာဆီယံခေါင်းဆောင်တွေကို မတ် ၁၄ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က အိမ်ရှင်အဖြစ်လက်ခံ ကြိုဆိုမှာပါ။

“ဒီအရေးကြီးတဲ့ဒေသ(အာဆီယံ)နဲ့ ဆက်ဆံရေးကို အမေရိကန်က တန်ဖိုးထားပြီးတော့ အနာဂတ်အစည်း အဝေးတွေကိုလည်း မျှော်လင့်နေပါတယ်”လို့လည်း အရာရှိကြီးကပြောပါတယ်။

Ref: US postpones ASEAN regional summit due to coronavirus: US official

#PeopleMedia #USA #ASEANSummit #LasVegas


Share this post