• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကြောင့် မွတ်ဆလင်တွေကိုအိမ်မှာပဲဝတ်ပြုဖို့ တာဂျစ်ကစ္စတန်အစိုးရညွှန်ကြား


Share this post

ဒူရှန်ဘီ၊ မတ် ၅






(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မွတ်ဆလင်တွေကိုအိမ်မှာပဲဝတ်ပြုဖို့ တာဂျစ်ကစ္စတန်အစိုးရညွှန်ကြား
……………………………………………..

ဒူရှန်ဘီ၊ မတ် ၅

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိသေးပေမဲ့ ကာကွယ်ဖို့ နိုင်ငံသားတွေအနေနဲ့ သောကြာနေ့ဝတ်ပြုဆုတောင်းမှုအတွက် ဗလီတွေမသွားကြဖို့ မွတ်ဆလင်အများစုနေထိုင်တဲ့တာဂျစ်ကစ္စတန်နိုင်ငံရဲ့အစိုးရက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံသားတွေကိုညွှန်ကြားခဲ့ပါတယ်။

ဗလီတက်တာကို ပွင့်ပွင့်လင်းလင်းပိတ်ပင်တာမျိုးမရှိပေမဲ့ မွတ်ဆလင်အများစုတောင်းဆိုလာရင်တော့ ဆွေးနွေးသွားနိုင်တယ်လို့ ဘာသာရေးကိစ္စရပ်များဆိုင်ရာနိုင်ငံတော်ကော်မတီက Facebookစာမျက်နှာမှာကြေညာခဲ့ပါတယ်။

တရုတ်နဲ့အာဖဂန်နစ္စတန်နိုင်ငံကြားမှာရှိပြီး လူ ၉ သန်းနေထိုင်တဲ့တာဂျစ်ကစ္စတန်နိုင်ငံဟာ အိမ်နီးချင်းနှစ်နိုင်ငံဆီကသာမက တောင်ကိုရီးယား၊ အီရန်နဲ့ အီတလီနိုင်ငံကနေလာရောက်တဲ့လူတွေကိုလည်း နယ်စပ်ဖြတ်ခွင့်ပိတ်ထားပါတယ်။

Ref: Tajikistan asks Muslims to pray at home because of coronavirus

#PeopleMedia #Tajikistan #CoronaVirus #COVID19


Share this post