• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဝူဟန္ၿမိဳ႕မွ ႏိုင္ငံျခားသားရာေပါင္းမ်ားစြာကို သက္ဆိုင္ရာႏိုင္ငံမ်ား ကယ္ထုတ္

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဝူဟန္ၿမိဳ႕မွ ႏိုင္ငံျခားသားရာေပါင္းမ်ားစြာကို သက္ဆိုင္ရာႏိုင္ငံမ်ား ကယ္ထုတ္

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၂၉

ကို႐ိုနာဗိုင္းရပ္စ္သစ္ ကူးစက္ေသဆုံးမႈမ်ား ျမင့္တက္ေနစဉ္တြင္ ေရာဂါစတင္ျဖစ္ပြာရာ ဗဟိုခ်က္ျဖစ္သည့္ ဝူဟန္ၿမိဳ႕မွ ရာေပါင္းမ်ားစြာေသာ ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားက ကယ္ထုတ္သြားၾကသည္။

ျသစေၾတးလ်ႏိုင္ငံသည္ ဝူဟန္ၿမိဳ႕မွျပန္ေခၚလာသည့္ႏိုင္ငံသား ၆၀၀ ကို ျပည္မႀကီးမွ မိုင္ ၁၂၀၀ အကြာတြင္ရွိေသာ ခရစ္စမတ္ကြၽန္းတြင္ သီတင္းႏွစ္ပတ္ၾကာ ထားရွိသြားရန္ စီစဉ္ေနသည္။
ဂ်ပန္၊ အေမရိကန္ႏွင့္ အီးယူႏိုင္ငံမ်ားကလည္း ဝူဟန္ၿမိဳ႕၌ ေရာက္ရွိေနေသာ ၎တို႔၏ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚေဆာင္ေနၾကသည္။

ကို႐ိုနာဗိုင္းရပ္စ္သစ္သည္ မေကာင္းဆိုးရြားမိစၧာတစ္ေကာင္ကဲ့သို႔ျဖစ္ေၾကာင္း တ႐ုတ္သမၼတရွီက်င္းပင္က ထုတ္ေဖာ္ေျပာဆိုထားေသာ္လည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ ယင္းေရာဂါကို ေျခမႈန္းအႏိုင္ယူသြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ေရာဂါအျမင့္ဆုံးဆက္လက္ျဖစ္ပြားမႈသည္ ၁၀ ရက္ေက်ာ္ ၾကာျမင့္ႏိုင္ေၾကာင္း တ႐ုတ္အမ်ိဳးသား က်န္းမာေရးေကာ္မရွင္မွ ကြၽမ္းက်င္သူတစ္ဦးကဆိုသည္။

တ႐ုတ္ႏိုင္ငံအတြင္း အဆိုပါကူးစက္ေရာဂါေၾကာင့္ ေသဆုံးသူဦးေရသည္ ၁၃၂ဦးထိရွိလာၿပီျဖစ္သလို ေရာဂါကူးစက္ခံရသူမွာလည္း ၅၉၇၄ဦး ရွိေနၿပီဟု ႏိုင္ငံ၏ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က အတည္ျပဳထားသည္။

ကမၻာတစ္ဝန္းႏိုင္ငံေပါင္း၁၆ႏိုင္ငံထက္မနည္းတြင္ ယင္းေရာဂါ ကူးစက္ခံရသူမ်ားရွိေၾကာင္း သတင္းထုတ္ျပန္ေသာ္လည္း ယခုအခ်ိန္အထိ ေသဆုံးသူမရွိေသးေၾကာင္း သိရသည္။

Ref : Coronavirus: Australia plans island quarantine as foreigners leave Wuhan

#pei #InternationalNews

#PeopleMedia #International

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့မှ နိုင်ငံခြားသားရာပေါင်းများစွာကို သက်ဆိုင်ရာနိုင်ငံများ ကယ်ထုတ်
………………………………………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်သေဆုံးမှုများ မြင့်တက်နေစဉ်တွင် ရောဂါစတင်ဖြစ်ပွာရာ ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့မှ ရာပေါင်းများစွာသော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများက ကယ်ထုတ်သွားကြသည်။

သြစတြေးလျနိုင်ငံသည် ဝူဟန်မြို့မှပြန်ခေါ်လာသည့်နိုင်ငံသား ၆၀၀ ကို ပြည်မကြီးမှ မိုင် ၁၂၀၀ အကွာတွင်ရှိသော ခရစ်စမတ်ကျွန်းတွင် သီတင်းနှစ်ပတ်ကြာ ထားရှိသွားရန် စီစဉ်နေသည်။
ဂျပန်၊ အမေရိကန်နှင့် အီးယူနိုင်ငံများကလည်း ဝူဟန်မြို့၌ ရောက်ရှိနေသော ၎င်းတို့၏နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်နေကြသည်။

ကိုရိုနာဗိုင်းရပ်စ်သစ်သည် မကောင်းဆိုးရွားမိစ္ဆာတစ်ကောင်ကဲ့သို့ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုထားသော်လည်း တရုတ်နိုင်ငံအနေဖြင့် ယင်းရောဂါကို ခြေမှုန်းအနိုင်ယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရောဂါအမြင့်ဆုံးဆက်လက်ဖြစ်ပွားမှုသည် ၁၀ ရက်ကျော် ကြာမြင့်နိုင်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်မှ ကျွမ်းကျင်သူတစ်ဦးကဆိုသည်။

တရုတ်နိုင်ငံအတွင်း အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေသည် ၁၃၂ဦးထိရှိလာပြီဖြစ်သလို ရောဂါကူးစက်ခံရသူမှာလည်း ၅၉၇၄ဦး ရှိနေပြီဟု နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်က အတည်ပြုထားသည်။

ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း၁၆နိုင်ငံထက်မနည်းတွင် ယင်းရောဂါ ကူးစက်ခံရသူများရှိကြောင်း သတင်းထုတ်ပြန်သော်လည်း ယခုအချိန်အထိ သေဆုံးသူမရှိသေးကြောင်း သိရသည်။

Ref : Coronavirus: Australia plans island quarantine as foreigners leave Wuhan

#pei #InternationalNews

#PeopleMedia #International


Share this post