• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈအမ်ားဆံုးႏိုင္ငံေတြထဲမွာ ဘရာဇီးအဆင့္ ၄ ေရာက္လာ

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈအမ်ားဆံုးႏိုင္ငံေတြထဲမွာ ဘရာဇီးအဆင့္ ၄ ေရာက္လာ

Share this post

ရီယိုဒီဂ်ေန႐ိုး၊ ဇြန္ ၁

ဘရာဇီးႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ တစ္ေန႔ကို ၁၀၀၀ နီးပါးေလာက္တိုးလာၿပီး ကို႐ိုနာဗိုင္း ရပ္စ္ေၾကာင့္ ေသဆံုးသူအမ်ားဆံုးကမာၻ႔ႏုိင္ငံစာရင္းမွာ အဆင့္ ၄ ေရာက္လာပါတယ္။

ေသဆံုးသူ ၂၈၈၃၄ ေယာက္႐ွိလာတဲ့ဘရာဇီးႏိုင္ငံဟာ ျပင္သစ္ႏိုင္ငံကိုေက်ာ္တက္လာၿပီး အေမရိကန္၊ ၿဗိတိန္နဲ႔ အီတလီႏုိင္ငံတို႔မွာပဲ ေသဆံုးသူပိုမ်ားေနတာပါ။

ဘရာဇီးဟာ ကမာၻမွာ ဒုတိယေျမာက္ကူးစက္မႈအမ်ားဆံုးႏိုင္ငံလည္းျဖစ္ေပမဲ့ သမၼတ ဂ်ားေဘာ္ဆိုနာ႐ိုကေတာ့ ကပ္ေရာဂါအေၾကာင္း ေမွးမိန္ေအာင္လုပ္ေနပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္္း ဘရာဇီးႏုိင္ငံမွာ ေသဆံုးသူ ၉၅၆ ေယာက္႐ွိတယ္လို႔ ဘရာဇီးက်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။

ဒါေၾကာင့္ ျပင္သစ္ႏုိင္ငံရဲ႕ ၂၈၇၇၄ ေယာက္ထပ္ပိုမ်ားလာၿပီး ဘရာဇီးႏုိင္ငံရဲ႕ေသဆံုးမႈကေတာ့ ပိုသိသိသာသာ ေထာင္တက္လာတာပါ။

ဂၽြန္ေဟာ့ကင္းတကၠသိုလ္ရဲ႕အခ်က္အလက္ေတြအရေတာ့ ဘရာဇီးႏိုင္ငံမွာ ကူးစက္အတည္ျပဳလူနာ ၄၉၈၄၄၀ ေယာက္႐ွိေနပါၿပီ။

စမ္းသပ္မႈမ႐ွိတာေၾကာင့္ အမွန္တကယ္ကူးစက္အတည္ျပဳလူနာဦးေရ ပိုၿပီးျမင့္တက္လာႏုိင္တယ္လို႔ ကၽြမ္းက်င္ သူေတြက သတိေပးေနပါတယ္။

Ref : Coronavirus: Brazil now fourth-highest nation in Covid-19 deaths

#PeopleMedia #International #Covid-19

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ဘရာဇီးအဆင့် ၄ ရောက်လာ
…………………………………………………

ရီယိုဒီဂျနေရိုး၊ ဇွန် ၁

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်နေ့ကို ၁၀၀၀ နီးပါးလောက်တိုးလာပြီး ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူအများဆုံးကမ္ဘာ့နိုင်ငံစာရင်းမှာ အဆင့် ၄ ရောက်လာပါတယ်။

သေဆုံးသူ ၂၈၈၃၄ ယောက်ရှိလာတဲ့ဘရာဇီးနိုင်ငံဟာ ပြင်သစ်နိုင်ငံကိုကျော်တက်လာပြီး အမေရိကန်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတို့မှာပဲ သေဆုံးသူပိုများနေတာပါ။

ဘရာဇီးဟာ ကမ္ဘာမှာ ဒုတိယမြောက်ကူးစက်မှုအများဆုံးနိုင်ငံလည်းဖြစ်ပေမဲ့ သမ္မတ ဂျားဘော်ဆိုနာရိုကတော့ ကပ်ရောဂါအကြောင်း မှေးမိန်အောင်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံမှာ သေဆုံးသူ ၉၅၆ ယောက်ရှိတယ်လို့ ဘရာဇီးကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဒါကြောင့် ပြင်သစ်နိုင်ငံရဲ့ ၂၈၇၇၄ ယောက်ထပ်ပိုများလာပြီး ဘရာဇီးနိုင်ငံရဲ့သေဆုံးမှုကတော့ ပိုသိသိသာသာ ထောင်တက်လာတာပါ။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့အချက်အလက်တွေအရတော့ ဘရာဇီးနိုင်ငံမှာ ကူးစက်အတည်ပြုလူနာ ၄၉၈၄၄၀ ယောက်ရှိနေပါပြီ။

စမ်းသပ်မှုမရှိတာကြောင့် အမှန်တကယ်ကူးစက်အတည်ပြုလူနာဦးရေ ပိုပြီးမြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင် သူတွေက သတိပေးနေပါတယ်။

Ref : Coronavirus: Brazil now fourth-highest nation in Covid-19 deaths

#PeopleMedia #International #Covid-19


Share this post