• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာနယ္စပ္ေ႐ႊလီၿမိဳ႕ကို တ႐ုတ္အလံုပိတ္ကန္႔သတ္

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာနယ္စပ္ေ႐ႊလီၿမိဳ႕ကို တ႐ုတ္အလံုပိတ္ကန္႔သတ္

Share this post

ေဘက်င္း၊ စက္တင္ဘာ ၁၅

ျမန္မာနယ္စပ္႐ွိၿမိဳ႕တစ္ၿမိဳ႕ကို တ႐ုတ္ႏိုင္ငံက အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္မႈ အစီအစဥ္အႀကီးအက်ယ္ျပဳလုပ္မည္ဟု အရာ႐ွိတစ္ေယာက္က အဂၤါေန႔တြင္ေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားေတြ႕႐ွိၿပီးေနာက္ ထိုအစီအစဥ္မ်ားျပဳလုပ္ျခင္းျဖစ္သည္။

ျမန္မာနယ္စပ္ျဖတ္ေက်ာ္ရာေနရာျဖစ္သည့္ ႏိုင္ငံအေနာက္ပိုင္းယူနန္ျပည္နယ္မွေ႐ႊလီၿမိဳ႕တြင္ ကို႐ိုနာဗိုင္း ရပ္စ္ကူးစက္ခံရသူ ၃ ေယာက္ေတြ႕႐ွိခဲ့သည္။ ေဒသခံမ်ားကို အိမ္တြင္သာေနၿပီး တနလၤာေန႔ ညေနခင္းမွစ၍ၿမိဳ႕ထဲအ၀င္အထြက္ပိတ္ထားသည္ဟု ၿမိဳ႕အရာ႐ွိမ်ားက ထုတ္ျပန္ခ်က္တစ္ခုတြင္ ေျပာထားသည္။

လူ ၂၁၀၀၀၀ ေက်ာ္႐ွိသည့္ေ႐ႊလီတစ္ၿမိဳ႕လံုးမွၿမိဳ႕ခံအားလံုးကို ဗိုင္းရပ္စ္စစ္ေဆးသြားမည္ဟုလည္းသိရသည္ ကုန္တိုက္ႀကီးမ်ား၊ ေဆးဆိုင္မ်ားႏွင့္ အစားအစာေစ်းမ်ားမွတစ္ပါး စီးပြားေရးလုပ္ငန္းမ်ားကိုလည္း ပိတ္ထားသည္။

ျမန္မာႏိုင္ငံမွကူးစက္ခံခဲ့ရျခင္းျဖစ္ၿပီး တရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ၿဖိဳခြင္းသြားမည္ဟု တ႐ုတ္အာဏာပိုင္မ်ားကေျပာသည္။ ခရီးသြားလာမႈကန္႔သတ္ျခင္း၊ တင္းၾကပ္သည့္အလံုပိတ္ကန္႔ သတ္မႈမ်ားျဖင့္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို တ႐ုတ္ႏိုင္ငံက အႀကီးအက်ယ္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။

သို႔ေသာ္ မၾကာေသးခင္လမ်ားအတြင္း ၿမိဳ႕ေတာ္ေဘက်င္းအပါအ၀င္ေနရာမ်ားတြင္ ျပည္တြင္းကူးစက္မႈမ်ား ႐ွိခဲ့သည္။

အဂၤါေန႔တြင္ ႏိုင္ငံျခားျပန္ ၇ ေယာက္တြင္ ဗိုင္းရပ္စ္ကူးစက္ထားေၾကာင္းေတြ႕႐ွိသည္ဟု အမ်ိဳးသားက်န္းမာေရး ေကာ္မ႐ွင္ကေျပာသည္။

Ref : China locks down city on Myanmar border over coronavirus

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနယ်စပ်ရွှေလီမြို့ကို တရုတ်အလုံပိတ်ကန့်သတ်
……………………………………………….

ဘေကျင်း၊ စက်တင်ဘာ ၁၅

မြန်မာနယ်စပ်ရှိမြို့တစ်မြို့ကို တရုတ်နိုင်ငံက အလုံပိတ်ကန့်သတ်မှုများပြုလုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှု အစီအစဉ်အကြီးအကျယ်ပြုလုပ်မည်ဟု အရာရှိတစ်ယောက်က အင်္ဂါနေ့တွင်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများတွေ့ရှိပြီးနောက် ထိုအစီအစဉ်များပြုလုပ်ခြင်းဖြစ်သည်။

မြန်မာနယ်စပ်ဖြတ်ကျော်ရာနေရာဖြစ်သည့် နိုင်ငံအနောက်ပိုင်းယူနန်ပြည်နယ်မှရွှေလီမြို့တွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူ ၃ ယောက်တွေ့ရှိခဲ့သည်။ ဒေသခံများကို အိမ်တွင်သာနေပြီး တနင်္လာနေ့ ညနေခင်းမှစ၍မြို့ထဲအဝင်အထွက်ပိတ်ထားသည်ဟု မြို့အရာရှိများက ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

လူ ၂၁၀၀၀၀ ကျော်ရှိသည့်ရွှေလီတစ်မြို့လုံးမှမြို့ခံအားလုံးကို ဗိုင်းရပ်စ်စစ်ဆေးသွားမည်ဟုလည်းသိရသည် ကုန်တိုက်ကြီးများ၊ ဆေးဆိုင်များနှင့် အစားအစာဈေးများမှတစ်ပါး စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်ထားသည်။

မြန်မာနိုင်ငံမှကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ဖြိုခွင်းသွားမည်ဟု တရုတ်အာဏာပိုင်များကပြောသည်။ ခရီးသွားလာမှုကန့်သတ်ခြင်း၊ တင်းကြပ်သည့်အလုံပိတ်ကန့် သတ်မှုများဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တရုတ်နိုင်ငံက အကြီးအကျယ်ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် မကြာသေးခင်လများအတွင်း မြို့တော်ဘေကျင်းအပါအဝင်နေရာများတွင် ပြည်တွင်းကူးစက်မှုများ ရှိခဲ့သည်။

အင်္ဂါနေ့တွင် နိုင်ငံခြားပြန် ၇ ယောက်တွင် ဗိုင်းရပ်စ်ကူးစက်ထားကြောင်းတွေ့ရှိသည်ဟု အမျိုးသားကျန်းမာရေး ကော်မရှင်ကပြောသည်။

Ref : China locks down city on Myanmar border over coronavirus

#PeopleMedia


Share this post