• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ျပန္လည္ထူေထာင္ေရးအစီအမံအတြက္ ဥေရာပသမဂၢ ယူ႐ိုဘီလီယံ ၇၅၀ အသံုးျပဳမည္

ကို႐ိုနာဗိုင္းရပ္စ္ျပန္လည္ထူေထာင္ေရးအစီအမံအတြက္ ဥေရာပသမဂၢ ယူ႐ိုဘီလီယံ ၇၅၀ အသံုးျပဳမည္

Share this post

ဘရပ္ဆဲလ္၊ ဇူလိုင္ ၂၁

၄ ညဆက္တိုက္ေဆြးေႏြးၿပီေနာက္ ကို႐ိုနာဗိုင္းရပ္စ္အလြန္ျပန္လည္ထူေထာင္ေရးအစီအစဥ္အႀကီးစားတစ္ခုအတြက္ ဥေရာပေခါင္းေဆာင္မ်ားသေဘာတူခဲ့သည္။

အဖြဲ႔၀င္ ၂၇ ႏိုင္ငံပါ၀င္သည့္ဥေရာပသမဂၢ(အီးယူ)၏ ထိုအစီအစဥ္တြင္ ကမာၻ႔ကပ္ေရာဂါ၏ဆိုးက်ိဳးသက္ေရာက္မႈမ်ားကို တန္ျပန္ရန္ ယူ႐ိုဘီလီယံ ၇၅၀ (သန္း ၇၅၀၀၀၀) တန္ဖိုး႐ွိေထာက္ပံ့ေၾကးေငြႏွင့္ ေခ်းေငြမ်ားပါ၀င္သည္။

ေဆြးေႏြးမႈမ်ားတြင္ ဗိုင္းရပ္စ္ဒဏ္အဆိုးဆံုးခံခဲ့ရသည့္ႏိုင္ငံမ်ားႏွင့္ ကုန္က်စရိတ္အေပၚစိုးရိမ္သည့္အဖြဲ႔၀င္ႏိုင္ငံမ်ားၾကား သေဘာထားကြဲလြဲခဲ့ၾကသည္။

ထိုပမာဏသည္ အီးယူအဖြဲ႔ကသေဘာတူခဲ့သည့္အႀကီးမားဆံုးပူးေပါင္းေခ်းေငြျဖစ္သည္။

ထိပ္သီးအစည္းအေ၀းသဘာပတိခ်ားလ္စ္ မိုက္ကယ္က ဥေရာပ၏အခ်က္အခ်ာက်တဲ့ကာလတစ္ခုျဖစ္ခဲ့ေၾကာင္းေျပာသည္။ သေဘာတူညီခ်က္သည္ ကမာၻ႔ကပ္ေရာဂါအဆိုးဆံုးထိခိုက္ခဲ့သည့္အဖြဲ႔၀င္ႏိုင္ငံမ်ားကို ယူ႐ို ၃၉၀ ဘီလီယံ (သန္း ၃၉၀၀၀၀) ေထာက္ပံ့ေၾကးေပးေရးအစီအစဥ္ကို ဗဟိုျပဳထားသည္။

အီတလီႏွင့္စပိန္တို႔ ထိုေထာက္ပံ့ေငြကို အဓိကရဖြယ္႐ွိသည္။ ေနာက္ထပ္ယူ႐ို ၃၆၀ ဘီလီယံကို အဖြဲ႔၀င္ႏိုင္ငံမ်ားထံ အတိုးႏႈန္းသက္သက္သာသာျဖင့္ထုတ္ေခ်းမည္ျဖစ္သည္။

ေသာၾကာေန႔မနက္ပိုင္းက ဘရပ္ဆဲလ္ၿမိဳ႕၌စတင္ခဲ့သည့္အစည္းအေ၀းသည္ နာရီ ၉၀ ေက်ာ္ၾကာေဆြးေႏြးခဲ့ရၿပီး ၂၀၀၀ ျပည့္ႏွစ္က ျပင္သစ္ႏိုင္ငံ၊ ႏိုက္စ္ၿမိဳ႕၌ ၅ ရက္ၾကာျပဳလုပ္ခဲ့သည့္အစည္းအေ၀းေနာက္ပိုင္း အီးယူ၏အၾကာဆံုး အစည္း အေ၀းျဖစ္သည္။

Ref : Coronavirus: EU leaders reach recovery deal after marathon summit

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ထူထောင်ရေးအစီအမံအတွက် ဥရောပသမဂ္ဂ ယူရိုဘီလီယံ ၇၅၀ အသုံးပြုမည်
…………………………………………………………

ဘရပ်ဆဲလ်၊ ဇူလိုင် ၂၁

၄ ညဆက်တိုက်ဆွေးနွေးပြီနောက် ကိုရိုနာဗိုင်းရပ်စ်အလွန်ပြန်လည်ထူထောင်ရေးအစီအစဉ်အကြီးစားတစ်ခုအတွက် ဥရောပခေါင်းဆောင်များသဘောတူခဲ့သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သည့်ဥရောပသမဂ္ဂ(အီးယူ)၏ ထိုအစီအစဉ်တွင် ကမ္ဘာ့ကပ်ရောဂါ၏ဆိုးကျိုးသက်ရောက်မှုများကို တန်ပြန်ရန် ယူရိုဘီလီယံ ၇၅၀ (သန်း ၇၅၀၀၀၀) တန်ဖိုးရှိထောက်ပံ့ကြေးငွေနှင့် ချေးငွေများပါဝင်သည်။

ဆွေးနွေးမှုများတွင် ဗိုင်းရပ်စ်ဒဏ်အဆိုးဆုံးခံခဲ့ရသည့်နိုင်ငံများနှင့် ကုန်ကျစရိတ်အပေါ်စိုးရိမ်သည့်အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲခဲ့ကြသည်။

ထိုပမာဏသည် အီးယူအဖွဲ့ကသဘောတူခဲ့သည့်အကြီးမားဆုံးပူးပေါင်းချေးငွေဖြစ်သည်။

ထိပ်သီးအစည်းအဝေးသဘာပတိချားလ်စ် မိုက်ကယ်က ဥရောပ၏အချက်အချာကျတဲ့ကာလတစ်ခုဖြစ်ခဲ့ကြောင်းပြောသည်။ သဘောတူညီချက်သည် ကမ္ဘာ့ကပ်ရောဂါအဆိုးဆုံးထိခိုက်ခဲ့သည့်အဖွဲ့ဝင်နိုင်ငံများကို ယူရို ၃၉၀ ဘီလီယံ (သန်း ၃၉၀၀၀၀) ထောက်ပံ့ကြေးပေးရေးအစီအစဉ်ကို ဗဟိုပြုထားသည်။

အီတလီနှင့်စပိန်တို့ ထိုထောက်ပံ့ငွေကို အဓိကရဖွယ်ရှိသည်။ နောက်ထပ်ယူရို ၃၆၀ ဘီလီယံကို အဖွဲ့ဝင်နိုင်ငံများထံ အတိုးနှုန်းသက်သက်သာသာဖြင့်ထုတ်ချေးမည်ဖြစ်သည်။

သောကြာနေ့မနက်ပိုင်းက ဘရပ်ဆဲလ်မြို့၌စတင်ခဲ့သည့်အစည်းအဝေးသည် နာရီ ၉၀ ကျော်ကြာဆွေးနွေးခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်က ပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့၌ ၅ ရက်ကြာပြုလုပ်ခဲ့သည့်အစည်းအဝေးနောက်ပိုင်း အီးယူ၏အကြာဆုံး အစည်း အဝေးဖြစ်သည်။

Ref : Coronavirus: EU leaders reach recovery deal after marathon summit

#PeopleMedia


Share this post