• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးဝတ္စုံ ဂ်ပန္ႏွင့္ စင္ကာပူႏိုင္ငံတို႔ထံမွ ျမန္မာမွာယူ

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးဝတ္စုံ ဂ်ပန္ႏွင့္ စင္ကာပူႏိုင္ငံတို႔ထံမွ ျမန္မာမွာယူ

Share this post

ရန္ကုန္၊ ေဖေဖၚဝါရီ-၇

တ႐ုတ္ႏိုင္ငံမွစတင္ကာ အျခားႏိုင္ငံတခ်ိဳ႕သို႔ကူးစက္ပ်ံ႕ပြားလ်က္ရွိသည့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကာကြယ္ေရးဝတ္စုံမ်ားကိုဂ်ပန္ႏွင့္ စင္ကာပူႏိုင္ငံမ်ားမွ မွာယူထားေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။

” မီးသတ္တပ္ဖြဲ႕အေနနဲ႔ ျမန္မာႏိုင္ငံအတြင္းကူးစပ္ေရာဂါေတြျဖစ္ပြားခဲ့ရင္ ဝင္ေရာက္ကူညီေဆာင္ရြက္တဲ့အခါ လုပ္ရဲကိုင္ရဲဖို႔အတြက္ ႀကိဳတင္ျပင္ဆင္တဲ့သေဘာပါ”ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ ၫႊန္ၾကားေရးမွဴး ဦးသိန္းထြန္းဦးက ေျပာသည္။

ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕အေနျဖင့္ ကူးစပ္ေရာဂါ ကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆာင္ရြက္ရာတြင္ ေဒါက္တာေဇာ္မ်ိဳးေဆြကိုဖိတ္ၾကား၍ အသိပညာေပးျခင္း၊ ဝတ္စုံဝတ္ဆင္မႈအျပင္ လူနာသယ္ေဆာင္ျခင္းမ်ား ကိုလည္းေလ့က်င့္သင္ၾကားေပးလ်က္ရွိသည္။

ထို႔ျပင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဉ္းသည့္ ႀကိဳတင္သိရွိထားရန္လိုအပ္ေသာ အခ်က္အလက္မ်ား၊ ကူးစပ္ေရာဂါကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ (PPE) လုံၿခဳံစြာဝတ္ဆင္မႈ၊ လူနာသယ္ေဆာင္ျခင္း သင္ခန္းစာမ်ားႏွင့္ Bio-Safety (ဇီဝလုံၿခဳံေရး) လုပ္ငန္းစဉ္မ်ားကို ျမန္မာ့မီးသတ္တပ္ဖြဲ႕မွ ရွာေဖြကယ္ဆယ္ေရးအထူးတပ္ဖြဲ႕ရဲေဘာ္မ်ားကို စြမ္းေဆာင္ရည္ျမႇင့္တင္ေစရန္ ႀကိဳတင္ေလ့က်င့္မႈမ်ားျပဳလုပ္ ထားေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန အေနျဖင့္ ေဖေဖာ္ဝါရီ ၆ ရက္ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ (၂) ဦးအပါအဝင္ လူနာ (၁၀) ဦး တို႔အား ေဆး႐ုံမ်ားတြင္ ဆက္လက္၍ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးထားသည္။

အဆိုပါ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈခံယူေနေသာ လူနာမ်ားအနက္ လြိဳင္ေကာ္ ျပည္သူ့ေဆး႐ုံမွ အသက္(၂)ႏွစ္အရြယ္ ကေလးငယ္ (မ) တစ္ဦး၊ ေဝဘာဂီအထူးကုေဆး႐ုံမွ အသက္ (၁၅) ႏွစ္အရြယ္ ကေလး (က်ား) တစ္ဦး၊ က်ိဳင္းတုံျပည္သူ့ေဆး႐ုံႀကီးမွ အသက္ (၁) ႏွစ္အရြယ္ရွိ ကေလးငယ္ (မ) တစ္ဦးႏွင့္ ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ဆံ့ျပည္သူ့ေဆး႐ုံႀကီးမွ အသက္ (၂၉) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး၊ စုစုေပါင္း လူနာ(၄)ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ 2019 Novel Coronavirus ဗိုင္းရပ္ေရာဂါပိုး မရွိေၾကာင္း ရည္ၫႊန္းဓာတ္ခြဲခန္းမွျပန္ၾကားထားသည္။

ထို႔ေၾကာင့္ အဆိုပါလူနာ (၄)ဦး၏ က်န္းမာေရးအေျခအေနမွာလည္း ေကာင္းမြန္လ်က္ရွိသျဖင့္ သက္ဆိုင္ရာေဆး႐ုံမ်ားမွ ေဖေဖာ္ဝါရီ ၆ ရက္၊ ေန႔လယ္ပိုင္းတြင္ ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္သည္။

ယင္းေနာက္ က်ိဳင္းတုံျပည္သူ့ေဆး႐ုံႀကီးတြင္ ေစာင့္ၾကပ္ၾကည့္ရႈခဲ့သည့္ လူနာႏွင့္ အနီးကပ္ ထိေတြ႕သူ ေလးဦးအားလည္း ေဆး႐ုံတြင္ ဆက္လက္ထားရွိရန္ မလိုအပ္ေတာ့သျဖင့္ ေဆး႐ုံမွ ဆင္းခြင့္ျပဳလိုက္ၿပီ ျဖစ္ေၾကာင္း က်န္လူနာမ်ား၏ က်န္းမာေရးအေျခအေနမွာ (စစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ေဖေဖာ္ဝါရီ ၆ ရက္ ည ၇ နာရီထုတ္ျပန္ခ်က္အရသိရသည္။

လက္ရွိ တစ္ကမၻာလုံးတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစပ္ခံရ၍ ဓာတ္ခြဲအတည္ျပဳလူနာ ၁၄၅၅၇ ဦးရွိၿပီး ယင္းတို႔အနက္ လူနာ ၁၄၄၁၁ ဦးမွာ တ႐ုတ္ျပည္မွျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ၂၁၁၀ ဦးမွာစိုးရိမ္ရသည့္အေျခအေနတြင္ျဖစ္ေနကာ လူဦးေရ ၅၆၀ ဦးေသဆုံးခဲ့ၿပီျဖစ္သည္။

ေမာင္ပီး

#peoplemedia

(unicode)
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့ထံမှ မြန်မာမှာယူ
…………………………………………………………………………………..

ရန်ကုန်၊ ဖေဖေါ်ဝါရီ-၇

တရုတ်နိုင်ငံမှစတင်ကာ အခြားနိုင်ငံတချို့သို့ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးဝတ်စုံများကိုဂျပန်နှင့် စင်ကာပူနိုင်ငံများမှ မှာယူထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

” မီးသတ်တပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းကူးစပ်ရောဂါတွေဖြစ်ပွားခဲ့ရင် ဝင်ရောက်ကူညီဆောင်ရွက်တဲ့အခါ လုပ်ရဲကိုင်ရဲဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောပါ”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ကူးစပ်ရောဂါ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဒေါက်တာဇော်မျိုးဆွေကိုဖိတ်ကြား၍ အသိပညာပေးခြင်း၊ ဝတ်စုံဝတ်ဆင်မှုအပြင် လူနာသယ်ဆောင်ခြင်းများ ကိုလည်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသည့် ကြိုတင်သိရှိထားရန်လိုအပ်သော အချက်အလက်များ၊ ကူးစပ်ရောဂါကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ (PPE) လုံခြုံစွာဝတ်ဆင်မှု၊ လူနာသယ်ဆောင်ခြင်း သင်ခန်းစာများနှင့် Bio-Safety (ဇီဝလုံခြုံရေး) လုပ်ငန်းစဉ်များကို မြန်မာ့မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ရဲဘော်များကို စွမ်းဆောင်ရည်မြှင့်တင်စေရန် ကြိုတင်လေ့ကျင့်မှုများပြုလုပ် ထားကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးထားသည်။

အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံမှ အသက်(၂)နှစ်အရွယ် ကလေးငယ် (မ) တစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အသက် (၁) နှစ်အရွယ်ရှိ ကလေးငယ် (မ) တစ်ဦးနှင့် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း လူနာ(၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိကြောင်း ရည်ညွှန်းဓာတ်ခွဲခန်းမှပြန်ကြားထားသည်။

ထို့ကြောင့် အဆိုပါလူနာ (၄)ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့် သက်ဆိုင်ရာဆေးရုံများမှ ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ်ပိုင်းတွင် ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။

ယင်းနောက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုခဲ့သည့် လူနာနှင့် အနီးကပ် ထိတွေ့သူ လေးဦးအားလည်း ဆေးရုံတွင် ဆက်လက်ထားရှိရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ကျန်လူနာများ၏ ကျန်းမာရေးအခြေအနေမှာ (စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီထုတ်ပြန်ချက်အရသိရသည်။

လက်ရှိ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံရ၍ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၅၅၇ ဦးရှိပြီး ယင်းတို့အနက် လူနာ ၁၄၄၁၁ ဦးမှာ တရုတ်ပြည်မှဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် ၂၁၁၀ ဦးမှာစိုးရိမ်ရသည့်အခြေအနေတွင်ဖြစ်နေကာ လူဦးရေ ၅၆၀ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

မောင်ပီး

#peoplemedia


Share this post