• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔လာျခင္းေၾကာင့္ အီရန္ႏွင့္နယ္စပ္ကို တူရကီက ပိတ္ပစ္လိုက္ၿပီ

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔လာျခင္းေၾကာင့္ အီရန္ႏွင့္နယ္စပ္ကို တူရကီက ပိတ္ပစ္လိုက္ၿပီ

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၂၄

တူရကီႏိုင္ငံက ယင္း၏နယ္စပ္ဂိတ္မ်ားကို ယာယီ ပိတ္ပစ္ခဲ့ၿပီး အိမ္နီးခ်င္း အီရန္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအေရအတြက္ ျမင့္တက္လာျခင္းေၾကာင့္ အဆိုပါကူးစက္ေရာဂါ ပ်ံ႕ႏွံ႔လာႏိုင္မႈကိုတားဆီးရန္ ႀကိဳးပမ္းမႈ တစ္ရပ္အေနျဖင့္ အီရန္ႏိုင္ငံမွလာသည့္ ေလေၾကာင္းလိုင္းမ်ားကို ဆိုင္းငံ့ခဲ့သည္။

လူ ၄၃ ဦး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရၿပီး ၄င္းတို႔အနက္ ရွစ္ဦး ေသဆုံးခဲ့ကာ ကူးစက္ခံရသည္ဟု သံသယရွိသူ ၇၈၅ ဦးရွိေၾကာင္း အီရန္ က်န္းမာေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ ေျပာၾကားခဲ့သည္။

အီရန္အစိုးရက တိုင္းျပည္အတြင္းရွိ ႐ုပ္ရွင္႐ုံမ်ား အားလုံးကို ပိတ္ပစ္ခဲ့သည္။

တီဟီရန္ၿမိဳ႕ေတာ္ႏွင့္ အျခားျပည္နယ္မ်ားစြာရွိ စာသင္ေက်ာင္းအခ်ိဳ႕ကို ၿပီးခဲ့သည့္ တစ္ပတ္ကတည္းက ပိတ္ထားခဲ့သည္။

ထို႔အျပင္ အီရန္ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးၿပိဳင္ပြဲမ်ားကို ပရိသတ္မပါဘဲ ယွဉ္ၿပိဳင္ကစားေစ မည္ျဖစ္သည္။

အီရန္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ပထမဆုံးေသဆုံးမႈမွာ Qom ၿမိဳ႕ေတာ္၌ ျဖစ္ပြားခဲ့ ၿပီး အဆိုပါၿမိဳ႕ေတာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ အဓိကပ်ံ႕ႏွံ႔ရာေနရာ ျမန္ဆန္စြာ ျဖစ္လာခဲ့သည္။ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ေသဆုံးခဲ့သူတစ္ဦးမွာ မၾကာေသးမီက တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည္။

ျပည္သူမ်ားအေနျဖင့္ Qom ၿမိဳ႕ေတာ္သို႔ သြားေရာက္လည္ပတ္ျခင္းမျပဳရန္ အီရန္ က်န္းမာေရးဝန္ႀကီး ဆာအိနာကာမီက ေမတၱာရပ္ခံလ်က္ရွိသည္။

#MPI #InternationalNews

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; Turkey closes border with Iran as virus spreads

(unicode)
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာခြင်းကြောင့် အီရန်နှင့်နယ်စပ်ကို တူရကီက ပိတ်ပစ်လိုက်ပြီ
…………………………………………………………………………………

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

တူရကီနိုင်ငံက ယင်း၏နယ်စပ်ဂိတ်များကို ယာယီ ပိတ်ပစ်ခဲ့ပြီး အိမ်နီးချင်း အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းကြောင့် အဆိုပါကူးစက်ရောဂါ ပျံ့နှံ့လာနိုင်မှုကိုတားဆီးရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အီရန်နိုင်ငံမှလာသည့် လေကြောင်းလိုင်းများကို ဆိုင်းငံ့ခဲ့သည်။

လူ ၄၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၄င်းတို့အနက် ရှစ်ဦး သေဆုံးခဲ့ကာ ကူးစက်ခံရသည်ဟု သံသယရှိသူ ၇၈၅ ဦးရှိကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အီရန်အစိုးရက တိုင်းပြည်အတွင်းရှိ ရုပ်ရှင်ရုံများ အားလုံးကို ပိတ်ပစ်ခဲ့သည်။

တီဟီရန်မြို့တော်နှင့် အခြားပြည်နယ်များစွာရှိ စာသင်ကျောင်းအချို့ကို ပြီးခဲ့သည့် တစ်ပတ်ကတည်းက ပိတ်ထားခဲ့သည်။

ထို့အပြင် အီရန် ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲများကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားစေ မည်ဖြစ်သည်။

အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုမှာ Qom မြို့တော်၌ ဖြစ်ပွားခဲ့ ပြီး အဆိုပါမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အဓိကပျံ့နှံ့ရာနေရာ မြန်ဆန်စွာ ဖြစ်လာခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးခဲ့သူတစ်ဦးမှာ မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

ပြည်သူများအနေဖြင့် Qom မြို့တော်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန် အီရန် ကျန်းမာရေးဝန်ကြီး ဆာအိနာကာမီက မေတ္တာရပ်ခံလျက်ရှိသည်။

#MPI #InternationalNews

ကိုးကား – အင်န်အိတ်ချ်ကေ

Ref; Turkey closes border with Iran as virus spreads


Share this post