• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ ဦးေႏွာက္အတြင္းထိုးေဖာက္၀င္ေရာက္ႏိုင္

ကို႐ိုနာဗိုင္းရပ္စ္ ဦးေႏွာက္အတြင္းထိုးေဖာက္၀င္ေရာက္ႏိုင္

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၀

COVID-19 လူနာအခ်ိဳ႕ေတြ႕ၾကံဳရေသာေခါင္းကိုက္ျခင္း၊ စိတ္႐ွဳပ္ေထြးျခင္းႏွင့္ ကေယာင္ကတမ္းျဖစ္ ျခင္းတို႔သည္ ဦးေႏွာက္တြင္းသို႔ကို႐ိုနာဗိုင္းရပ္စ္တိုက္႐ိုက္၀င္ေရာက္ျခင္း၏ရလဒ္တစ္ခုျဖစ္သည္ဟု ဗုဒၶဟူးေန႔တြင္ထုတ္ျပန္သည့္ ေလ့လာမႈတစ္ရပ္အရသိရသည္။

ကနဦးသုေတသနသာျဖစ္ေသာ္လည္း ယခင္ကမစမ္းသပ္ရေသးေသာသီအိုရီတစ္ခုကိုေထာက္ခံရန္ အေထာက္အထားသစ္မ်ားကိုေပးစြမ္းသည္။

ေယးတကၠသိုလ္မွကိုယ္ခံအားစနစ္ပညာ႐ွင္ အာကီကို အီဝါဆာကီဦးေဆာင္သည့္ေလ့လာမႈအရ ဦးေႏွာက္အတြင္းတြင္ဆဲလ္ပြားႏိုင္ၿပီး ထိုဆဲလ္မ်ားေၾကာင့္ ပတ္၀န္းက်င္ဆဲလ္မ်ားေအာက္ဆီဂ်င္ပို လိုအပ္ေၾကာင္းသိရၿပီး ပ်ံ႕ႏွံ႔မႈႏွင့္ပတ္သက္၍ မ႐ွင္းလင္းေသးေခ်။

ဦးေႏွာက္ေသြးေၾကာမ်ားကို၀န္းရံထားၿပီး ျပင္ပမွအမႈန္မ်ား၀င္ေရာက္ျခင္းကိုတားဆီးရန္ႀကိဳးစားေသာ ေသြး-ဦးေႏွာက္ေရာေႏွာထားသည့္အတားအဆီးကို SARS-CoV-2 ဗိုင္းရပ္စ္ကူးစက္ႏိုင္ျခင္းသည္ လံုး၀ထိပ္လန္႔စရာမဟုတ္ေခ်။

ျခင္မ်ားမွေပါက္ဖြားၿပီး ကေလးသူငယ္မ်ားကို အဓိကထိခိုက္ေစသည့္ ဇီကာဗိုင္းရပ္လည္း အလားတူ၀င္ ေရာက္ႏိုင္ၿပီး သေႏၶသားမ်ား၏ဦးေႏွာက္ကို သိသာသည့္ထိခိုက္မႈမ်ားျဖစ္ေစသည္။

Ref : Coronavirus capable of invading brain: Study

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ် ဦးနှောက်အတွင်းထိုးဖောက်ဝင်ရောက်နိုင်
…………………………………

ဝါရှင်တန်၊ စက်တင်ဘာ ၁၀

COVID-19 လူနာအချို့တွေ့ကြုံရသောခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ကယောင်ကတမ်းဖြစ် ခြင်းတို့သည် ဦးနှောက်တွင်းသို့ကိုရိုနာဗိုင်းရပ်စ်တိုက်ရိုက်ဝင်ရောက်ခြင်း၏ရလဒ်တစ်ခုဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည့် လေ့လာမှုတစ်ရပ်အရသိရသည်။

ကနဦးသုတေသနသာဖြစ်သော်လည်း ယခင်ကမစမ်းသပ်ရသေးသောသီအိုရီတစ်ခုကိုထောက်ခံရန် အထောက်အထားသစ်များကိုပေးစွမ်းသည်။

ယေးတက္ကသိုလ်မှကိုယ်ခံအားစနစ်ပညာရှင် အာကီကို အီဝါဆာကီဦးဆောင်သည့်လေ့လာမှုအရ ဦးနှောက်အတွင်းတွင်ဆဲလ်ပွားနိုင်ပြီး ထိုဆဲလ်များကြောင့် ပတ်ဝန်းကျင်ဆဲလ်များအောက်ဆီဂျင်ပို လိုအပ်ကြောင်းသိရပြီး ပျံ့နှံ့မှုနှင့်ပတ်သက်၍ မရှင်းလင်းသေးချေ။

ဦးနှောက်သွေးကြောများကိုဝန်းရံထားပြီး ပြင်ပမှအမှုန်များဝင်ရောက်ခြင်းကိုတားဆီးရန်ကြိုးစားသော သွေး-ဦးနှောက်ရောနှောထားသည့်အတားအဆီးကို SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်နိုင်ခြင်းသည် လုံးဝထိပ်လန့်စရာမဟုတ်ချေ။

ခြင်များမှပေါက်ဖွားပြီး ကလေးသူငယ်များကို အဓိကထိခိုက်စေသည့် ဇီကာဗိုင်းရပ်လည်း အလားတူဝင် ရောက်နိုင်ပြီး သန္ဓေသားများ၏ဦးနှောက်ကို သိသာသည့်ထိခိုက်မှုများဖြစ်စေသည်။

Ref : Coronavirus capable of invading brain: Study

#PeopleMedia


Share this post