• Follow Us on

Home ကုန္စည္တင္ေဆာင္လာသည့္ လိုင္စင္မဲ့ ၁၂ ဘီးယာဥ္ ၂ စီး ဗန္းေမာ္တြင္ ဖမ္းမိ

ကုန္စည္တင္ေဆာင္လာသည့္ လိုင္စင္မဲ့ ၁၂ ဘီးယာဥ္ ၂ စီး ဗန္းေမာ္တြင္ ဖမ္းမိ

Share this post

ဗန္းေမာ္၊ ေအာက္တိုဘာလ ၂၀(PeopleMedia)
ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ (၃)မိုင္ၿမိဳ႕ေရွာင္လမ္းဆုံတြင္ သက္ဆိုင္ရာမ်ားမွ ယေန႔ ေအာက္တိုဘာ ၂၀ ရက္ေန႔က ယာဥ္မ်ားသြားလာမႈကို ရပ္တန္႔စစ္ေဆးရာ ကုန္စည္မ်ားတင္ေဆာင္လာသည့္ လိုင္စင္မဲ့ ၁၂ ဘီးယာဥ္ ႏွစ္စီးကို ဖမ္းဆီးရမိေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
အဆိုပါ အခ်ိန္၌ ဗန္းေမာ္ခရိုင္ ပို႔ေဆာင္ေရးႏွင့္ စီမံကိန္းဦးစီးဌာနမွ ဦးစီးမႉး ဦးေဇာ္မင္းလွိုင္ ပါ(၂)ဦး၊ဗန္းေမာ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရး ႏွင့္ညႊန္ၾကားမႉး ဦးစီးဌာနမွ ဦးေဇာ္မ်ိဳးဝင္း ပါ (၂)ဦး၊ ဗန္းေမာ္ခရိုင္ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မႈေကာ္မတီမွ ဦးျမင့္သိန္း ပါ (၄) ဦး၊ အမွတ္(၁၀၀)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး႐ုံးမွ ေခတၱတပ္ဖြဲ႕စုမႉး ရဲအုပ္စိုးထက္ဦး ႏွင့္အဖြဲ႕ တို႔သည္ (၃)မိုင္ၿမိဳ႕ေရွာင္လမ္းဆုံတြင္ ယာဥ္မ်ားကို ရပ္တန္႔စစ္ေဆးရာ မိုးေမာက္ဘက္မွ ဗန္းေမာ္ဘက္သို႔ ျမင့္ဆန္းေမာင္းႏွင္လာသည့္ YGN xxxxx ေဒါင္ဖန္းအမ်ိဳးအစားအနီေရာင္၊ တ႐ုတ္ နိုင္ငံထုတ္(၁၂)ဘီးယာဥ္ကို ရပ္တန္႔စစ္ေဆးရာ ေမာ္ေတာ္ယာဥ္ကို လြယ္ဂ်ယ္ၿမိဳ႕ဘက္မွ ဗန္းေမာ္ၿမိဳ႕ဘက္သို႔ အခေၾကးေငြျဖင့္ ကုန္စည္တင္ေဆာင္ေျပးဆြဲလာျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ႏွင့္ ပတ္သက္သည့္လိုင္စင္စာရြက္စာတမ္းအေထာက္အထားတစ္စုံတစ္ရာျပသနိုင္ျခင္းမရွိဘဲ ယာဥ္မွာ လိုင္စဥ္မဲ့ျဖစ္ေၾကာင္းေျပာျပသိရွိရသျဖင့္ သက္ေသမ်ားေရွ႕တြင္ရွာေဖြပုံစံျဖင့္ အမႈ႔ဖြင့္အေရးယူထားသည္။
အလားတူ ယင္းျဖစ္စဥ္အတိုင္း ခ်င္းခ်င္း ေမာင္းႏွင္လာသည့္ KCN xxxxxx ေဒါင္ဖန္းအမ်ိဳးအစား အနီေရာင္၊ တ႐ုတ္နိုင္ငံထုတ္ ၁၂ ဘီး ယာဥ္ကိုလည္း ယာဥ္ ႏွင့္ ပတ္သက္သည့္
လိုင္စင္စာရြက္စာတမ္းအေထာက္အထားတစ္စုံတစ္ရာျပသနိုင္ျခင္းမရွိဘဲ ယာဥ္မွာ လိုင္စဥ္မဲ့ျဖစ္ေၾကာင္းေျပာျပသိရွိရသျဖင့္ သက္ေသမ်ား ေရွ႕၌ ရွာေဖြပုံစံျဖင့္ အမႈဖြင့္အေရးယူထားသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး လိုင္စင္မဲ့ယာဥ္ျဖင့္ ကုန္စည္တင္ေဆာင္ေျပးဆြဲသူ ျမင့္ဆန္း (၂၅)ႏွစ္ႏွင့္ ခ်င္းခ်င္း ( ၃၂ႏွစ္) တို႔ႏွစ္ဦးကို အမွတ္(၁၀၀)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး႐ုံးမွ ဒုရဲအုပ္ေဆြခ်စ္ကို မွ တရားလိုျပဳ၍ ပို႔ကုန္/သြင္းကုန္ပုဒ္မ-၈ ျဖင့္ အသီးသီး အမႈဖြင့္ထားသည္။
ၿဖိဳးၿဖိဳး
#PeopleMedia #ဗန္းေမာ္ #လိုင္စင္မဲ့ယာဥ္
(unicode)
ကုန်စည်တင်ဆောင်လာသည့် လိုင်စင်မဲ့ ၁၂ ဘီးယာဉ် ၂ စီး ဗန်းမော်တွင် ဖမ်းမိ
………………………………………….
ဗန်းမော်၊ အောက်တိုဘာလ ၂၀(PeopleMedia)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ (၃)မိုင်မြို့ရှောင်လမ်းဆုံတွင် သက်ဆိုင်ရာများမှ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့က ယာဉ်များသွားလာမှုကို ရပ်တန့်စစ်ဆေးရာ ကုန်စည်များတင်ဆောင်လာသည့် လိုင်စင်မဲ့ ၁၂ ဘီးယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ အချိန်၌ ဗန်းမော်ခရိုင် ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းလှိုင် ပါ(၂)ဦး၊ဗန်းမော်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှူး ဦးစီးဌာနမှ ဦးဇော်မျိုးဝင်း ပါ (၂)ဦး၊ ဗန်းမော်ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ဦးမြင့်သိန်း ပါ (၄) ဦး၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်စိုးထက်ဦး နှင့်အဖွဲ့ တို့သည် (၃)မိုင်မြို့ရှောင်လမ်းဆုံတွင် ယာဉ်များကို ရပ်တန့်စစ်ဆေးရာ မိုးမောက်ဘက်မှ ဗန်းမော်ဘက်သို့ မြင့်ဆန်းမောင်းနှင်လာသည့် YGN xxxxx ဒေါင်ဖန်းအမျိုးအစားအနီရောင်၊ တရုတ် နိုင်ငံထုတ်(၁၂)ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်ကို လွယ်ဂျယ်မြို့ဘက်မှ ဗန်းမော်မြို့ဘက်သို့ အခကြေးငွေဖြင့် ကုန်စည်တင်ဆောင်ပြေးဆွဲလာခြင်းဖြစ်ပြီး မော်တော်ယာဉ်နှင့် ပတ်သက်သည့်လိုင်စင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ ယာဉ်မှာ လိုင်စဉ်မဲ့ဖြစ်ကြောင်းပြောပြသိရှိရသဖြင့် သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် အမှု့ဖွင့်အရေးယူထားသည်။
အလားတူ ယင်းဖြစ်စဉ်အတိုင်း ချင်းချင်း မောင်းနှင်လာသည့် KCN xxxxxx ဒေါင်ဖန်းအမျိုးအစား အနီရောင်၊ တရုတ်နိုင်ငံထုတ် ၁၂ ဘီး ယာဉ်ကိုလည်း ယာဉ် နှင့် ပတ်သက်သည့်
လိုင်စင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ ယာဉ်မှာ လိုင်စဉ်မဲ့ဖြစ်ကြောင်းပြောပြသိရှိရသဖြင့် သက်သေများ ရှေ့၌ ရှာဖွေပုံစံဖြင့် အမှုဖွင့်အရေးယူထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လိုင်စင်မဲ့ယာဉ်ဖြင့် ကုန်စည်တင်ဆောင်ပြေးဆွဲသူ မြင့်ဆန်း (၂၅)နှစ်နှင့် ချင်းချင်း ( ၃၂နှစ်) တို့နှစ်ဦးကို အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ်ဆွေချစ်ကို မှ တရားလိုပြု၍ ပို့ကုန်/သွင်းကုန်ပုဒ်မ-၈ ဖြင့် အသီးသီး အမှုဖွင့်ထားသည်။
ဖြိုးဖြိုး
#PeopleMedia #ဗန်းမော် #လိုင်စင်မဲ့ယာဉ်


Share this post