• Follow Us on

Home ကုန္စုံဆိုင္၌ မူးယစ္ေဆးေရာင္းခ်သူအမ်ိဳးသမီးအားဖမ္းဆီး

ကုန္စုံဆိုင္၌ မူးယစ္ေဆးေရာင္းခ်သူအမ်ိဳးသမီးအားဖမ္းဆီး

Share this post

ဗန္းေမာက္၊ ၂၀၂၀၊ ၾသဂုတ္- ၂၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္ ၊ဗန္းေမာက္ၿမိဳ႕နယ္၊ တုံးပုတ္ေက်းရြာ၌ မူးယစ္ေဆးဝါးကိုကုန္စုံဆိုင္၌ ေရာင္းကုန္အလား ျဖန္႔ျဖဴးေရာင္းခ်ေနသည့္ အမ်ိဳးသမီးကို ရဲတပ္ဖြဲ႕က ရွာေဖြခြင့္ဝရမ္းျဖင့္ သြားေရာက္ဖမ္းဆီး ခဲ့သည္ဟု သိရသည္။

ဩဂုတ္လ ၂၂ ရက္ေန႔ ညေနပိုင္းအခ်ိန္ လိပ္ေစာရဲကင္းမွ ရဲအရာရွိႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ နာပင္ေက်းရြာခြဲတုံးပုတ္ေက်းရြာခြဲေခါင္းေဆာင္မ်ား သက္ေသမ်ားႏွင့္အတူ မူးယစ္ေဆးဝါးေရာင္းခ်ေနေၾကာင္းသတင္းအရ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး၏ မူးယစ္ေဆးဝါး ေနအိမ္ရွာေဖြခြင့္ ဝရမ္းအမွတ္ (၆၈/၂၀၂၀)ျဖင့္ တုံးပုတ္ေက်းရြာရွိ အသက္(၃၄)ႏွစ္အရြယ္ရွိ မခင္စန္းၾကည္ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္ေရွ႕ ေဈးဆိုင္ဝဲဘက္ေဒါင့္ တြင္ထားရွိသည့္ Myanmar Beer စာတမ္းပါ ဂ်ပ္ဖါအတြင္း ထည့္ထားသည့္ ဘိန္းျဖဴ Love Is Flower စာတမ္းပါ ေရာင္စုံဆပ္ျပာခြက္ (၁)ခြက္လွ်င္(၁၀)ဂရမ္ခန္႔ပါ (၁၉)ခြက္ စုစုေပါင္း(၁၉၀)ဂရမ္ ကာလတန္ဖိုး သိန္း(၁၉၀)ခန္႔ဖမ္းဆီးရမိသည္ဟုသိရသည္။

“မေန႔က ညေနမွာ မခင္စန္းၾကည္ရဲ႕ ကုန္စုံဆိုင္ကို မူးယစ္ေဆးဝါးသတင္းအရ ၀င္ေရာက္ရွာေဖြ ဖမ္းဆီးခဲ့ တာပါ ျမန္မာဘီယာ ဂ်ပ္ဖာထဲ ထည့္ထားတဲ့ ဘိန္းျဖဴဆပ္ျပာခြက္ (၁၉)ခြက္ ၊ အေလးခ်ိန္ (၁၉၀) ဂရမ္ ဖမ္းဆီး အေရးယူခဲ့တာျဖစ္တယ္ ” ဟု လိပ္ေစာရဲကင္းစခန္းမွာ တာ၀န္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕၀င္ တစ္ဦး ကေျပာသည္ ။

မူးယစ္ေဆးဝါးႏွင္အတူ ဖမ္းဆီးရမိသည့္အမ်ိဳးသမီးအား (ပ)အမွတ္ (၇၇ /၂၀၂၀ ) မူးယစ္ေဆးဝါး ဥပေဒပုဒ္မ-၁၉(က) ျဖင့္အမႈဖြင့္ ဖမ္းဆီးအေရးယူထားသည္ဟုသိရသည္။

သတင္း- ေက်ာ္စိုး(နန္႔ေတာ)

#PeopleMedia #ဗန္းေမာက္

(unicode)
ကုန်စုံဆိုင်၌ မူးယစ်ဆေးရောင်းချသူအမျိုးသမီးအားဖမ်းဆီး
………………………………………………….

ဗန်းမောက်၊ ၂၀၂၀၊ ဩဂုတ်- ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ဗန်းမောက်မြို့နယ်၊ တုံးပုတ်ကျေးရွာ၌ မူးယစ်ဆေးဝါးကိုကုန်စုံဆိုင်၌ ရောင်းကုန်အလား ဖြန့်ဖြူးရောင်းချနေသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ရှာဖွေခွင့်ဝရမ်းဖြင့် သွားရောက်ဖမ်းဆီး ခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းအချိန် လိပ်စောရဲကင်းမှ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များသည် နာပင်ကျေးရွာခွဲတုံးပုတ်ကျေးရွာခွဲခေါင်းဆောင်များ သက်သေများနှင့်အတူ မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၆၈/၂၀၂၀)ဖြင့် တုံးပုတ်ကျေးရွာရှိ အသက်(၃၄)နှစ်အရွယ်ရှိ မခင်စန်းကြည်နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့ ဈေးဆိုင်ဝဲဘက်ဒေါင့် တွင်ထားရှိသည့် Myanmar Beer စာတမ်းပါ ဂျပ်ဖါအတွင်း ထည့်ထားသည့် ဘိန်းဖြူ Love Is Flower စာတမ်းပါ ရောင်စုံဆပ်ပြာခွက် (၁)ခွက်လျှင်(၁၀)ဂရမ်ခန့်ပါ (၁၉)ခွက် စုစုပေါင်း(၁၉၀)ဂရမ် ကာလတန်ဖိုး သိန်း(၁၉၀)ခန့်ဖမ်းဆီးရမိသည်ဟုသိရသည်။

“မနေ့က ညနေမှာ မခင်စန်းကြည်ရဲ့ ကုန်စုံဆိုင်ကို မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ တာပါ မြန်မာဘီယာ ဂျပ်ဖာထဲ ထည့်ထားတဲ့ ဘိန်းဖြူဆပ်ပြာခွက် (၁၉)ခွက် ၊ အလေးချိန် (၁၉၀) ဂရမ် ဖမ်းဆီး အရေးယူခဲ့တာဖြစ်တယ် ” ဟု လိပ်စောရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကပြောသည် ။

မူးယစ်ဆေးဝါးနှင်အတူ ဖမ်းဆီးရမိသည့်အမျိုးသမီးအား (ပ)အမှတ် (၇၇ /၂၀၂၀ ) မူးယစ်ဆေးဝါး ဥပဒေပုဒ်မ-၁၉(က) ဖြင့်အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်ဟုသိရသည်။

သတင်း- ကျော်စိုး(နန့်တော)

#PeopleMedia #ဗန်းမောက်


Share this post