• Follow Us on

Home ကုန္တင္ယာဥ္မ်ား ဒီဇင္ဘာ ၁ ရက္မွစ၍ ရန္ကုန္-မႏၲေလးအျမန္လမ္းမွ ျဖတ္သန္းသြားခြင့္မျပဳေတာ့

ကုန္တင္ယာဥ္မ်ား ဒီဇင္ဘာ ၁ ရက္မွစ၍ ရန္ကုန္-မႏၲေလးအျမန္လမ္းမွ ျဖတ္သန္းသြားခြင့္မျပဳေတာ့

Share this post

ရန္ကုန္၊ နို၀င္ဘာ ၁၇

ကုန္တင္ယာဥ္မ်ားသည္ ဒီဇင္ဘာ ၁ ရက္ေန႔မွစ၍ ရန္ကုန္-မႏၲေလးအျမန္လမ္းမွ ျဖတ္သန္းသြားလာခြင့္မျပဳ ေတာ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၊ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးလုပ္ငန္းေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

COVID-19 ျဖစ္ပြားမႈကာလအတြင္း၌ ကုန္တင္ယာဥ္မ်ားကို ရန္ကုန္-မႏၲေလး အျမန္လမ္းအသုံးျပဳခြင့္ကို ယာယီခြင့္ျပဳခဲ့သည္။

အလားတူ ရန္ကုန္-မႏၲေလးအျမန္လမ္းမွ ျဖတ္သန္းသြားလာခြင့္အား နို၀င္ဘာ ၃၀ ရက္ ည ၁၂ နာရီအထိသာ ခြင့္ျပဳေတာ့မည္ျဖစ္ၿပီး ဒီဇင္ဘာ ၁ ရက္ေန႔မွ စတင္၍ မူလလမ္းေဟာင္းမွ ျပန္လည္ေမာင္းႏွင္ရမည္ျဖစ္သည္။

#PeopleMedia #ကုန္တင္ယာဥ္

(unicode)
ကုန်တင်ယာဉ်များ ဒီဇင်ဘာ ၁ ရက်မှစ၍ ရန်ကုန်-မန္တလေးအမြန်လမ်းမှ ဖြတ်သန်းသွားခွင့်မပြုတော့
……………………………………..

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ကုန်တင်ယာဉ်များသည် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ရန်ကုန်-မန္တလေးအမြန်လမ်းမှ ဖြတ်သန်းသွားလာခွင့်မပြု တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

COVID-19 ဖြစ်ပွားမှုကာလအတွင်း၌ ကုန်တင်ယာဉ်များကို ရန်ကုန်-မန္တလေး အမြန်လမ်းအသုံးပြုခွင့်ကို ယာယီခွင့်ပြုခဲ့သည်။

အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမှ ဖြတ်သန်းသွားလာခွင့်အား နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီအထိသာ ခွင့်ပြုတော့မည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ မူလလမ်းဟောင်းမှ ပြန်လည်မောင်းနှင်ရမည်ဖြစ်သည်။

#PeopleMedia #ကုန်တင်ယာဉ်


Share this post