• Follow Us on

Home ကုန္တင္ယာဥ္လုပ္သားမ်ား ခရီးစဥ္တစ္ေခါက္လွ်င္ COVID စစ္ေဆးခ က်ပ္ ၈၀၀၀၀ ကုန္က်ေပးေဆာင္ေနရ၍ ယာဥ္အမ်ားစု ေျပးဆြဲနိုင္ျခင္းမရွိေတာ့ဟုဆို

ကုန္တင္ယာဥ္လုပ္သားမ်ား ခရီးစဥ္တစ္ေခါက္လွ်င္ COVID စစ္ေဆးခ က်ပ္ ၈၀၀၀၀ ကုန္က်ေပးေဆာင္ေနရ၍ ယာဥ္အမ်ားစု ေျပးဆြဲနိုင္ျခင္းမရွိေတာ့ဟုဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၉
အေဝးေျပးကုန္တင္ယာဥ္ယာဥ္လုပ္သားမ်ား ခရီးစဥ္တစ္ေခါက္လၽွင္ COVID စစ္ေဆးခက်ပ္ ၈၀၀၀၀ ကုန္က် ေပးေဆာင္ေနရ၍ယာဥ္အမ်ားစု ေျပးဆြဲနိုင္ျခင္းမရွိေတာ့ေၾကာင္း ျမန္မာနိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ ေရးဝန္ေဆာင္မူလုပ္ငန္းရွင္မ်ားအသင္းနာယက ဦးလွဦးကေျပာပါသည္။
အေဝးေျပးယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔မွာ ခရီးစဥ္တစ္ေခါက္ထြက္ပါက တစ္ႀကိမ္လၽွင္ က်ပ္ ၂၀၀၀၀ ႏႈန္းျဖင့္ COVID-19 ပိုးရွိမရွိကို အသြားတစ္ႀကိမ္၊ အျပန္တစ္ႀကိမ္ေဆးမူခံယူေနရျခင္းျဖစ္ပါသည္။
“တစ္ေယာက္ကို ႏွစ္ေသာင္းေပးရတယ္၊ စပယ္ယာနဲ႔ ဒရိုင္ဘာ ႏွစ္ေယာက္ဆိုေတာ့ ၄ ေသာင္းေပးရမယ္။ ကား သမားလည္းခံရတာေပါ့ စစ္တဲ့ဟာက ကားသမားခံရေတာ့ ကုန္ပစၥည္းက ေဈးပိုယူရတာေပါ့။ ကားသမားေတြ ကအသြားအျပန္ဆို ၇ ရက္ေလာက္ၾကာလို႔ ႏွစ္ႀကိမ္စစ္ရမယ္ဆိုရင္ ၈ ေသာင္းေလာက္ကုန္မယ္ေပါ့ေနာ္” ဟု ဦးလွဦးက ေျပာပါတယ္။
ထို႔အျပင္ Covid-19 ကာလတြင္ က်န္းမာေရးစစ္ေဆးမူမ်ားမၾကာခဏျပဳလုပ္ေနရျခင္း၊ ေဒသတစ္ခုမွတစ္ခုသို႔ ဝင္ထြက္သြားလာရန္ အခ်ိန္ၾကန္႔ၾကာေစာင့္ဆိုင္းေနရျခင္းတို႔ေၾကာင့္ ယာဥ္ေမာင္းအမ်ားစုမွာ လိုက္ပါေမာင္းႏွင္ လိုစိတ္မရွိေတာ့သည့္အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္ဟု ဦးလွဦးကဆိုသည္။
“ယာဥ္ေမာင္းေတြသိပ္မသြားၾကဘူး။ ေဆးစစ္ခေတြကုန္လို႔။ တစ္လမွာ ၈ ႀကိမ္ေလာက္စစ္ေနရေတာ့ေလ။ ယာဥ္ေမာင္းမရွိေတာ့ ယာဥ္ေတြလည္းသိပ္မသြားေတာ့ဘူး”ဟု ဦးလွဦးက ေျပာပါတယ္။
ကုန္တင္ယာဥ္မ်ားအျဖင့္ ထိုသို႔ က်န္းမာေရးစစ္ေဆးခအတြက္ ကုန္က်ေငြအား ျပန္ကာမိေစရန္ ကုန္စည္ပို႔ ေဆာင္ခထဲမွ တိုးျမႇင့္ရယူေနရသည့္အတြက္ ကုန္စည္ေဈးႏူန္းမ်ားကိုပါ သြားေရာက္ရိုက္ခက္ေစသည္ဟု အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္အခ်ိဳ႕ကဆိုသည္။
စက္တင္ဘာလကုန္ပိုင္းမွ ယခုအထိ ကုန္တင္ယာဥ္ေမာင္းကို စစ္ေဆးရာတြင္ ကုန္တင္ယာဥ္ေမာင္း ၁၀၀ နီးပါးတြင္ ကိုဗစ္နိုင္တီးေရာဂါပိုးေတြ႕ရွိရေၾကာင္း သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ား၏ ထုတ္ျပန္ခ်က္မ်ားအရသိရသည္။
#PeopleMedia
(Unicode)
ကုန်တင်ယာဉ်လုပ်သားများ ခရီးစဉ်တစ်ခေါက်လျှင် COVID စစ်ဆေးခ ကျပ် ၈၀၀၀၀ ကုန်ကျပေးဆောင်နေရ၍ ယာဉ်အများစု ပြေးဆွဲနိုင်ခြင်းမရှိတော့ဟုဆို
…………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၉
အဝေးပြေးကုန်တင်ယာဉ်ယာဉ်လုပ်သားများ ခရီးစဉ်တစ်ခေါက်လျှင် COVID စစ်ဆေးခကျပ် ၈၀၀၀၀ ကုန်ကျ ပေးဆောင်နေရ၍ယာဉ်အများစု ပြေးဆွဲနိုင်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မူလုပ်ငန်းရှင်များအသင်းနာယက ဦးလှဦးကပြောပါသည်။
အဝေးပြေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ခရီးစဉ်တစ်ခေါက်ထွက်ပါက တစ်ကြိမ်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် COVID-19 ပိုးရှိမရှိကို အသွားတစ်ကြိမ်၊ အပြန်တစ်ကြိမ်ဆေးမူခံယူနေရခြင်းဖြစ်ပါသည်။
“တစ်ယောက်ကို နှစ်သောင်းပေးရတယ်၊ စပယ်ယာနဲ့ ဒရိုင်ဘာ နှစ်ယောက်ဆိုတော့ ၄ သောင်းပေးရမယ်။ ကား သမားလည်းခံရတာပေါ့ စစ်တဲ့ဟာက ကားသမားခံရတော့ ကုန်ပစ္စည်းက ဈေးပိုယူရတာပေါ့။ ကားသမားတွေ ကအသွားအပြန်ဆို ၇ ရက်လောက်ကြာလို့ နှစ်ကြိမ်စစ်ရမယ်ဆိုရင် ၈ သောင်းလောက်ကုန်မယ်ပေါ့နော်” ဟု ဦးလှဦးက ပြောပါတယ်။
ထို့အပြင် Covid-19 ကာလတွင် ကျန်းမာရေးစစ်ဆေးမူများမကြာခဏပြုလုပ်နေရခြင်း၊ ဒေသတစ်ခုမှတစ်ခုသို့ ဝင်ထွက်သွားလာရန် အချိန်ကြန့်ကြာစောင့်ဆိုင်းနေရခြင်းတို့ကြောင့် ယာဉ်မောင်းအများစုမှာ လိုက်ပါမောင်းနှင် လိုစိတ်မရှိတော့သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဦးလှဦးကဆိုသည်။
“ယာဉ်မောင်းတွေသိပ်မသွားကြဘူး။ ဆေးစစ်ခတွေကုန်လို့။ တစ်လမှာ ၈ ကြိမ်လောက်စစ်နေရတော့လေ။ ယာဉ်မောင်းမရှိတော့ ယာဉ်တွေလည်းသိပ်မသွားတော့ဘူး”ဟု ဦးလှဦးက ပြောပါတယ်။
ကုန်တင်ယာဉ်များအဖြင့် ထိုသို့ ကျန်းမာရေးစစ်ဆေးခအတွက် ကုန်ကျငွေအား ပြန်ကာမိစေရန် ကုန်စည်ပို့ ဆောင်ခထဲမှ တိုးမြှင့်ရယူနေရသည့်အတွက် ကုန်စည်ဈေးနူန်းများကိုပါ သွားရောက်ရိုက်ခက်စေသည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။
စက်တင်ဘာလကုန်ပိုင်းမှ ယခုအထိ ကုန်တင်ယာဉ်မောင်းကို စစ်ဆေးရာတွင် ကုန်တင်ယာဉ်မောင်း ၁၀၀ နီးပါးတွင် ကိုဗစ်နိုင်တီးရောဂါပိုးတွေ့ရှိရကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ ထုတ်ပြန်ချက်များအရသိရသည်။

Share this post