• Follow Us on
Latest News

Home ကုန္အၫႊန္းအမွတ္အသားမ်ားကို ျမန္မာဘာသာျဖင့္ မေဖာ္ျပသည့္ ကုန္စည္မ်ားအား ၂၀၂၀ တြင္ အေရးယူမည္

ကုန္အၫႊန္းအမွတ္အသားမ်ားကို ျမန္မာဘာသာျဖင့္ မေဖာ္ျပသည့္ ကုန္စည္မ်ားအား ၂၀၂၀ တြင္ အေရးယူမည္

Share this post

မႏၱေလး၊ ဒီဇင္ဘာ ၁၇

ကုန္အၫႊန္းအမွတ္အသားမ်ားကို ျမန္မာဘာသာျဖင့္ မေဖာ္ျပသည့္ ကုန္စည္မ်ားအား ၂၀၂၀ ခုႏွစ္ မတ္လ အတြင္း စတင္အေရးယူမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယၫႊန္ၾကား ေရးမွဴး ေဒၚျမင့္ျမင့္သန္းက ေျပာသည္။

ထိုသို႔ အေရးယူမႈမ်ား လုပ္ေဆာင္ႏိုင္ရန္အတြက္ ၂၀၁၉ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔မွစတင္ကာ ပညာေပး ေဟာေျပာမႈမ်ား လုပ္ေဆာင္လာခဲ့ျခင္းျဖစ္ၿပီး ၂၀၂၀ မတ္လ ၁၅ ရက္ေနာက္ပိုင္းမွစတင္ကာ စစ္ေဆးအေရး ယူမႈမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။

“အခုလက္ရွိမွာ ၂၀၁၉ ခုႏွစ္ စားသုံးသူကာကြယ္ေရး ဥပေဒ အရ စစ္ေဆးေရးမွဴးေတြခန္႔ထားတယ္။ အဲ့ဒီစစ္ ေဆးေရးမွဴးေတြက ေဈးကြက္ထဲမွာ ကြင္းဆင္းစစ္ေဆးတာေတြလုပ္မယ္။ ၂၀၁၉ မတ္လ ၁၅ ရက္ကေနၿပီး ေတာ့ တစ္ႏွစ္တာမွာ ပညာေပးေဆြးေႏြးတာေတြလုပ္ေတာ့ ၂၀၂၀ မတ္လ ၁၅ ရက္ေနာက္ပိုင္းမွာ ဥပေဒအရ အသက္ဝင္ေတာ့မွာျဖစ္တယ္”ဟု မႏၲေလးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴး ေဒၚျမင့္ျမင့္သန္းက ေျပာသည္။

စားသုံးသူကာကြယ္ေရး ဥပေဒပုဒ္မ ၄၃ အရ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ၄င္းတို႔၏ ကုန္ပစၥည္းမ်ားတြင္ ကုန္စည္အမ်ိဳးအမည္၊ အရြယ္အစား အေရအတြက္နဲ႔ အသားတင္ပမာဏ၊ ထားသိုသိမ္းဆည္းမႈအၫႊန္း၊ သုံးစြဲပုံ နည္းလမ္း၊ က်န္းမာေရးဆိုင္ရာ ေဘးထြက္ဆိုးက်ိဳး ၊ ဓာတ္မတည့္ေၾကာင္း ေဖာ္ျပခ်က္၊ ႀကိဳတင္သတိေပးခ်က္ စသည့္ အၫႊန္းမ်ားကို ျမန္မာဘာသာ(သို႔မဟုတ္)ျမန္မာဘာသာႏွင့္ အျခားဘာသာအား တြဲ၍ ေဖာ္ျပရမည္ ျဖစ္သည္။

လုပ္ငန္းရွင္အမ်ားစုမွာ ကုန္ပစၥည္းတံဆိပ္မ်ားကို သုံးႏွစ္ေလးႏွစ္စာ ႀကိဳတင္႐ိုက္ထားျခင္းေၾကာင့္ ဆုံးရႈံးနစ္နာ မႈမ်ားရွိသလို သတ္မွတ္ေပးထားသည့္အခ်ိန္မွာလည္း လုံေလာက္မႈမရွိေၾကာင္း လုပ္ငန္ရွင္တစ္ခ်ိဳ႕ကဆိုသည္။

“ဓာတ္မတည့္ေၾကာင္း ေဖာ္ျပခ်က္ ဆိုတာနဲ႔ ႀကိဳတင္သတိေပးခ်က္ ဆိုတာကေရာ ဘယ္လိုထည့္ ရမလဲ ။ တခ်ိဳ႕ထုတ္ကုန္ေတြက တခါမွ ဓာတ္မတည့္တာေတြ မျဖစ္ဖူးဘူး။ သူတို႔ေျပာတဲ့အခ်က္ေတြ အားလုံးမထည့္လို႔ အတိုင္ခံရတာေတြလည္းရွိလာႏိုင္တယ္။” ဟု မႏၲေလးတိုင္းေဒသႀကီး စားေသာက္ကုန္ထုတ္လုပ္တင္ပို႔ ေရာင္း ခ်သူမ်ားအသင္း ဥကၠ႒ဦးဆန္းဝင္းက ေျပာသည္။

ကုန္အၫႊန္းမ်ားကို ျမန္မာစာျဖင့္ ေဖာ္ျပမထားမႈအား စစ္ေဆးေတြ႕ရွိပါက စားသုံးသူေရးရာ ကာကြယ္ေရး ဥပေဒ ပုဒ္မ ၇၃ အရ အေရးယူမွာျဖစ္ၿပီး ႏွစ္ႏွစ္ထက္ မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္သိန္း ၂၀၀ ထက္မပို ေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကို ျဖစ္ေစ က်ခံရမည္ျဖစ္ေၾကာင္းသိရသည္။

(unicode)
ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် မဖော်ပြသည့် ကုန်စည်များအား ၂၀၂၀ တွင် အရေးယူမည်
………………………………………………………………

မန္တလေး၊ ဒီဇင်ဘာ ၁၇

ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် မဖော်ပြသည့် ကုန်စည်များအား ၂၀၂၀ ခုနှစ် မတ်လ အတွင်း စတင်အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။

ထိုသို့ အရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစတင်ကာ ပညာပေး ဟောပြောမှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ မတ်လ ၁၅ ရက်နောက်ပိုင်းမှစတင်ကာ စစ်ဆေးအရေး ယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

“အခုလက်ရှိမှာ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေ အရ စစ်ဆေးရေးမှူးတွေခန့်ထားတယ်။ အဲ့ဒီစစ် ဆေးရေးမှူးတွေက ဈေးကွက်ထဲမှာ ကွင်းဆင်းစစ်ဆေးတာတွေလုပ်မယ်။ ၂၀၁၉ မတ်လ ၁၅ ရက်ကနေပြီး တော့ တစ်နှစ်တာမှာ ပညာပေးဆွေးနွေးတာတွေလုပ်တော့ ၂၀၂၀ မတ်လ ၁၅ ရက်နောက်ပိုင်းမှာ ဥပဒေအရ အသက်ဝင်တော့မှာဖြစ်တယ်”ဟု မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။

စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၄င်းတို့၏ ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား အရေအတွက်နဲ့ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့် အညွှန်းများကို မြန်မာဘာသာ(သို့မဟုတ်)မြန်မာဘာသာနှင့် အခြားဘာသာအား တွဲ၍ ဖော်ပြရမည် ဖြစ်သည်။

လုပ်ငန်းရှင်အများစုမှာ ကုန်ပစ္စည်းတံဆိပ်များကို သုံးနှစ်လေးနှစ်စာ ကြိုတင်ရိုက်ထားခြင်းကြောင့် ဆုံးရှုံးနစ်နာ မှုများရှိသလို သတ်မှတ်ပေးထားသည့်အချိန်မှာလည်း လုံလောက်မှုမရှိကြောင်း လုပ်ငန်ရှင်တစ်ချို့ကဆိုသည်။

“ဓာတ်မတည့်ကြောင်း ဖော်ပြချက် ဆိုတာနဲ့ ကြိုတင်သတိပေးချက် ဆိုတာကရော ဘယ်လိုထည့် ရမလဲ ။ တချို့ထုတ်ကုန်တွေက တခါမှ ဓာတ်မတည့်တာတွေ မဖြစ်ဖူးဘူး။ သူတို့ပြောတဲ့အချက်တွေ အားလုံးမထည့်လို့ အတိုင်ခံရတာတွေလည်းရှိလာနိုင်တယ်။” ဟု မန္တလေးတိုင်းဒေသကြီး စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်း ဥက္ကဋ္ဌဦးဆန်းဝင်းက ပြောသည်။

ကုန်အညွှန်းများကို မြန်မာစာဖြင့် ဖော်ပြမထားမှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၇၃ အရ အရေးယူမှာဖြစ်ပြီး နှစ်နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရမည်ဖြစ်ကြောင်းသိရသည်။


Share this post