• Follow Us on

Home ကုန္းၾကမ္းၿမိဳ႕၌ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ဆက္ စပ္ပစၥည္းမ်ား ထပ္မံသိမ္းဆည္း ရမိ၊ဖမ္းမိတန္ဖိုး သိန္း(၂၄၀၀)ခန္႔ရွိ

ကုန္းၾကမ္းၿမိဳ႕၌ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ဆက္ စပ္ပစၥည္းမ်ား ထပ္မံသိမ္းဆည္း ရမိ၊ဖမ္းမိတန္ဖိုး သိန္း(၂၄၀၀)ခန္႔ရွိ

Share this post

ရန္ကုန္၊မတ္ ၁၆

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကုန္းၾကမ္းၿမိဳ႕၊ မန္ယာေက်းရြာအနီး၌ မတ္ ၁၄ ရက္တြင္ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား (ခန္႔မွန္းတန္ဖိုးေငြ က်ပ္သိန္း ၆၉ဝ ေက်ာ္) ဖမ္းဆီးရမိခဲ့သည့္ ဆက္စပ္သတင္းအရ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားသည္ ရွာေဖြေဖာ္ထုတ္ စစ္ေဆးျခင္းမ်ား ေဆာင္ရြက္လ်က္ရွိရာ ယေန႔မြန္းတည့္ ၁၂ နာရီခန္႔တြင္ မန္ယာေက်းရြာေန ဦးလွ်ိဳရီးမီး ပိုင္ဆိုင္သည့္ ေနအိမ္အနီး စိုက္ခင္းအတြင္း၌ ေျမက်င္းတူး၍ ျမႇဳပ္ႏွံထားသည့္ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂ဝဝဝဝ ျပား၊ ဂက္စ္အိုး ရွစ္လုံး၊ အီသိုင္းအီသာ ၂၅ ပုံး(၁ဝ လီတာခန္႔)ႏွင့္ ဘိန္းစစ္ရည္ႏွင့္အက္စစ္ ေရာေႏွာထားေသာ အမည္းေရာင္ အရည္ ၁၁၅ ပုံး( ၁ဝ လီတာခန္႔)(မူးယစ္ေဆးဝါးမ်ား၏ ခန္႔မွန္းတန္ဖိုးေငြ က်ပ္သိန္းေပါင္း ၂၄ဝဝ) အား ထပ္မံေတြ႕ရွိ သိမ္းဆည္းရမိခဲ့သည္။

အဆိုပါသိမ္းဆည္းရမိ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား(ခန္႔မွန္းတန္ဖိုးေငြက်ပ္သိန္း ၂၄ဝဝ)တို႔ကို ကုန္းၾကမ္းၿမိဳ႕မ ရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္း အပ္ႏွံ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

#peoplemedia

[Unicode]
ကုန်းကြမ်းမြို့၌ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဆက် စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်း ရမိ၊ဖမ်းမိတန်ဖိုး သိန်း(၂၄၀၀)ခန့်ရှိ
…………………………………………………………………………

ရန်ကုန်၊မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့၊ မန်ယာကျေးရွာအနီး၌ မတ် ၁၄ ရက်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၆၉ဝ ကျော်) ဖမ်းဆီးရမိခဲ့သည့် ဆက်စပ်သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် မန်ယာကျေးရွာနေ ဦးလျှိုရီးမီး ပိုင်ဆိုင်သည့် နေအိမ်အနီး စိုက်ခင်းအတွင်း၌ မြေကျင်းတူး၍ မြှုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝဝဝ ပြား၊ ဂက်စ်အိုး ရှစ်လုံး၊ အီသိုင်းအီသာ ၂၅ ပုံး(၁ဝ လီတာခန့်)နှင့် ဘိန်းစစ်ရည်နှင့်အက်စစ် ရောနှောထားသော အမည်းရောင် အရည် ၁၁၅ ပုံး( ၁ဝ လီတာခန့်)(မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၄ဝဝ) အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၄ဝဝ)တို့ကို ကုန်းကြမ်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#peoplemedia


Share this post