• Follow Us on

Home ကုမ္ပဏီ/အဖွဲ့အစည်းများအမည်ဖြင့် သီးခြားဘဏ်စာရင်းဖွင့်လှစ်ဆောင်ရွက်ရန် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ထုတ်ပြန်

ကုမ္ပဏီ/အဖွဲ့အစည်းများအမည်ဖြင့် သီးခြားဘဏ်စာရင်းဖွင့်လှစ်ဆောင်ရွက်ရန် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၃ (People Media)

 

ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် ငွေကြေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ကုမ္ပဏီ/အဖွဲ့အစည်းများ အမည်ဖြင့် သီးခြားဘဏ်စာရင်း ဖွင့်လှစ်ဆောင်ရွက်ရန် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ညွန်ကြားချက် ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် အချို့သော ကုမ္ပဏီ/အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာ ကိစ္စများတွင် ဘဏ်များ၌ သီးခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်မှု မပြုဘဲ ဒါရိုက်တာများ၏ ဘဏ်ငွေစာရင်းများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၅ (က)အရ ကုမ္ပဏီသည် ၎င်းတွင် ပါဝင်သူများ၏ အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင် အခွင့်အရေးများရှိသည့် တရားဝင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ကုမ္ပဏီတိုင်း အနေဖြင့် သီးခြားဘဏ်ငွေစာရင်းထားရှိရမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ကုမ္ပဏီ/အဖွဲ့အစည်းများ အနေဖြင့် ငွေးကြေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာတွင် ကု ကုမ္ပဏီ/အဖွဲ့အစည်းများ အမည်ဖြင့် သီးခြားဘဏ်ငွေစာရင်း (Corporate Account)ဖွင့်လှစ်၍ ဆောင်ရွက်ကြရန် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၄၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ဤညွန်ကြားချက်အား ထုတ်ပြန်လိုက်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post