• Follow Us on

Home ကုလသမဂ္ဂစင်မြင့်တွင် အစ္စရေးသံအမတ်ကြီး ကုသမဂ္ဂနှစ်ပတ်လည်အစီရင်ခံစာကို ဆွဲဖြဲ

ကုလသမဂ္ဂစင်မြင့်တွင် အစ္စရေးသံအမတ်ကြီး ကုသမဂ္ဂနှစ်ပတ်လည်အစီရင်ခံစာကို ဆွဲဖြဲ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁ (People Media)

 

ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီး ဂျီလတ်အာဒန်သည် အောက်တိုဘာလ ၂၉ ရက်နေ့ (သောကြာနေ့) ကကျင်းပသောအစည်းအဝေးတွင် အစ္စရေးနိုင်ငံပေါ်ပြစ်တင်ရှုတ်ချမှုသည် မျှတမှုမရှိကြောင်းပြောဆိုကာ ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြစ်တင်ဝေန်လိုက်ပြီးနောက် ကုသမဂ္ဂနှစ်ပတ်လည်အစီရင်ခံစာကို ဆွဲဖြဲလိုက် ကြောင်းသိရသည်။

 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ နှစ်ပတ်လည်အစီရင်ခံစာကိုတင်ပြသည့်အထူးအစည်းအဝေးတွင်  အစ္စ ရေးသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ “သည်းသည်းလှုပ် အစ္စရေးဆန့်ကျင်ရေးဘက်လိုက်မှု” အတွက်ဟု ဖော်ပြကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြင်းထန်စွာပြစ်တင်ဝေဖန်လိုက်သည်။

 

“လွန်ခဲ့တဲ့ ၁၅ နှစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး အစ္စရေးကို အီရန် တို့ ဆီးရီးယားတို့ထက် ပိုပြီးပြစ်တင်ရှုတ်ချခဲ့တယ်။ အီရန်ကို ၁၀ ကြိမ်၊ ဆီးရီးယားကို ၃၅ ကြိမ်ပဲ ပြစ်တင်ဝေဖန် ခဲ့တယ်။ လူ့အခွင့်အရေးကောင်စီဟာ အစ္စရေးကို ဆုံးဖြတ်ချက်ပေါင်း ၉၅ ကြိမ်ချမှတ်ပြီး ပြစ်တင်ဝေဖန်တိုက် ခိုက်ခဲ့တယ်။ တခြားနိုင်ငံတွေကို ပြစ်တင်ဝေဖန်ခဲ့တဲ့အကြိမ်ပေါင်း စုစုပေါင်း ၁၄၂ ကြိမ်ပဲရှိတာနဲ့ နှိုင်းယှဉ်ကြည့် ပေါ့။” ဟု ဂျီလတ်အာဒန်က ပြောသည်။

 

“ဂျူးလူမျိုးတွေ အမျိုးသားနိုင်ငံထူထောင်တဲ့အခွင့်အရေးကို လူမျိုးရေးခွဲခြားတယ်ဆိုပြီး လုံခြုံရေးကောင်စီက ကြေညာခဲ့ဖူးတယ်။ အဲဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့တယ်။ အဲဒီအချိန်က အစ္စရေးသံအမတ်ကြီးဟိုင်းဟတ်ဇယ် က အဲဒီဆုံးဖြတ်ကို ကုလသမဂ္ဂမှာ ဆွဲဖြဲခဲ့လိုက်တယ်။” ဟု ၁၉၇၅ ခုနှစ် နိုဝင်ဘာလတွင် ကုလသမဂ္ဂစင်မြင့်၌ အစ္စရေးသံအမတ်ကြီး ဟိုင်းဟတ်ဇယ် ပြောကြားသည့်မိန့်ခွန်းကိုကိုးကား၍ ဂျီလတ်အာဒန်က ပြောသည်။ “အခု လို ဂျူးမုန်းတီးရေးဝါဒနဲ့ လိုရာဆွဲပြီး မမှန်မကန်ပြောတဲ့ တစ်ဖက်သတ် အစီရင်ခံစာကို ဘာလုပ်သင့်တယ်ဆို တိတိကျကျ လုပ်ပြလိုက်တာပါပဲ။” ဟု ၎င်းက ပြောသည်။

 

အဆိုပါလုံခြုံရေးကောင်စီ၏အစီရင်ခံစာကို အစိတ်စိတ်အမွှာမွှာ မဆုတ်ဖြဲမီ ယင်းအစီရင်ခံစာကို ဂျူးဆန့်ကျင် ရေးဝါဒ အမှိုက်ပုံးထဲတွင်ပစ်ချထားရမည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် အစီရင်ခံစာကို ဆုတ်ဖြဲကာ အစည်း အဝေးခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

 

သောကြာနေ့က ထုတ်ပြန်ကြောညာချက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာ၊ အာဖဂန်နစ္စတန် နှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင် အထူးအစည်းအဝေးသုံးကြိမ်ကျင်းပ  သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

 

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့်ပတ်သက်၍ သိမ်းပိုက်ထားသောပါလက်စတိုင်းနယ်မြေနှင့် အစ္စရေးနိုင်ငံအ တွင်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပေဒနှင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေ များကို ချိုးဖောက်ခြင်းရှိမရှိ ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ကို အစည်းအဝေး တွင် လူ့အခွင့်အရေးကောင်စီက ထောက်ပြပြောဆိုခဲ့သည်။

 

အစ္စရေးနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အစ္စရေးဆန့်ကျင်ရေးဘက်လိုက်မှုများကို စွဲကိုင်ကျင့်သုံး နေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။

 

Ref: ‘Obsessive anti-Israel bias’: Erdan rips up human rights report at UN podium

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: ‘Obsessive anti-Israel bias’: Erdan rips up human rights report at UN podium

 

#PeopleMedia


Share this post