• Follow Us on

Home ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအစည်းအဝေးတွင် အာဏာသိမ်းမှုကို ရှုတ်ချသော ထုတ်ပြန်ချက်မထုတ်ပြန်နိုင်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအစည်းအဝေးတွင် အာဏာသိမ်းမှုကို ရှုတ်ချသော ထုတ်ပြန်ချက်မထုတ်ပြန်နိုင်

Share this post

နယူးယောက်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တနင်္လာနေ့တွင် မြန်မာနိုင်ငံ၌အာဏာသိမ်းမှုကိုရှုတ်ချသောပူးပေါင်းထုတ်ပြန်ချက်ထုတ်ရန် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအစည်းအဝေးတွင် သဘောတူညီချက်မရခဲ့ပေ။
နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရကို ထိန်းသိမ်းပြီး အာဏာဆုပ်ကိုင်ခြင်း ကို တုံ့ပြန်သည့် တံခါးပိတ်အစည်းအဝေးကျင်းပခဲ့သော်လည်း သဘောတူညီချက်မရခြင်းဖြစ်သည်။
သို့သော် ဆွေးနွေးမှုများထပ်လုပ်နေသည်ဟု သံတမန်များကပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီကိုထောက်ခံကြောင်း ရှင်းလင်းသည့်စုပေါင်းအချက်ပြမှုလုပ်သင့်ကြောင်း ကုလသ မဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ခရစ္စတင်း ဘာဂျီနာကပြောသော ဗြိတိန်ကအကြမ်းတင်သွင်းထား သည့်ထုတ်ပြန်ချက်ကို အဖွဲ့ဝင် ၁၇ ယောက်ပါဝင်သည့်ကောင်စီက ဆွေးနွေးနေသည်။
“စစ်တပ်ရဲ့မကြာသေးခင်ကခြေလှမ်းတွေကို ကျွန်မပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ပြီးတော့ ကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကိုထောက်ခံကြောင်း စုပေါင်းပြီး ရှင်းလင်းတဲ့အချက်ပြသင့်ပါတယ်” ဟု မစ္စဘာဂျီနာ က ကောင်စီကိုပြောသည်။
အာဏာသိမ်းမှုကို ရုှတ်ချရန်၊ တရားဥပဒေစိုးမိုးမှုနှင့်လူ့အခွင့်အရေးကိုလေးစားရန် တပ်မတော်ကိုတောင်းဆို ရန်နှင့် ဥပဒေမဲ့ထိန်းသိမ်းထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် ပါဝင်သော ဗြိတိန်ကတင်သွင်းသည့်ထုတ် ပြန်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သံတမန်များကပြောသည်။
တရုတ်နှင့် ရုရှားက အချိန်ပေးရန် တောင်းဆိုခဲ့ကြောင်း သံတမန်တယောက်က AFP သတင်းအေဂျင်စီကို ပြောသည်။
ထုတ်ပြန်ချက်တွင် ပိတ်ဆို့အရေးယူမှုတစုံတရာမပါဝင်ကြောင်းလည်းပြောသည်။
Ref : Security Council fails to agree statement condemning Myanmar coup
#PeopleMedia
(unicode)
……………………………………………….
Ref : Security Council fails to agree statement condemning Myanmar coup

Share this post