• Follow Us on

Home ကုလသမဂ္ဂအနေနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုကို ရှောင်ကြဉ်ရန်နှင့် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကုလသမဂ္ဂအနေနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုကို ရှောင်ကြဉ်ရန်နှင့် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

ကုလသမဂ္ဂအနေနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုကိုရှောင်ကြဉ်ရန်နှင့် အများပြည်သူသို့ အသိပေး ပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၆ ရက်နေ့၌ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ရုံးမှ နေ့စဉ်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲများတွင် မြန်မာနိုင်ငံကို မကြာခဏရည်ညွှန်းပြောကြားလျက်ရှိပြီး ပြည်တွင်းတွင် နိုင်ငံတကာ၏ အာရုံစိုက်မှုလိုအပ်သည့် အထင်ကရဖြစ်စဉ်မရှိဘဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ပစ်မှတ်ထားလျက်ရှိသည်ကို တွေ့ ရှိရကြောင်း ဖော်ပြပါရှိသည်။

 

ဆက်လက်ပြီး ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးမှ စိစစ်၍မရနိုင်သည့် ပုံကြီးချဲ့ထားသည့် ကိန်း ဂဏန်းများပါဝင်သည့် အစီရင်ခံစာများကို ၎င်းရုံးမှကိုးကားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသော်လည် ၎င်းရုံး၏စိုးရိမ်ပူပန်မှုများကို မည် သည့်အခါမျှ ဝန်ကြီးဌာနနှင့် မေးမြန်းစိစစ်ခဲ့ခြင်းမရှိကြောင်း ရေးသားထားသည်။

 

ထို့သို့စိစစ်ရမည့်အစား ပြောခွင့်ရပုဂ္ဂိုလ်ရုံးသို့ ပေးပို့ပြီးအများသို့ထုတ်ပြန်လျက်ရှိရာ ကုလသမဂ္ဂဝန်ထမ်းများ၏ ပညာရှင်ဆန်မှုမှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂဝန်ထမ်းများအနေဖြင့် အထင်မြင် လွဲမှားစေသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့် ပြည်တွင်းရေးတွင် စွက်ဖက်မှုများမှ ရှောင်ကြဉ်ရန်၊ အများ ပြည်သူသို့ အသိပေးပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

#PeopleMedia #နိုင်ငံခြားရေးဝန်ကြီးဌာန

(unicode)


…………………………………………………………………..

 


 


 


 


 


 



Share this post