• Follow Us on

Home ကုလားတန္ျမစ္ကူးတံတားမီးလင္းေရး က်ပ္သိန္းတစ္ေထာင္အသုံးျပဳ ကာ ဆိုလာတပ္ဆင္မည္

ကုလားတန္ျမစ္ကူးတံတားမီးလင္းေရး က်ပ္သိန္းတစ္ေထာင္အသုံးျပဳ ကာ ဆိုလာတပ္ဆင္မည္

Share this post

ကေလး၊ ဇူလိုင္ – ၁

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ရွိ ကုလားတန္ျမစ္ကူးတံတား ဆိုလာမီးျဖင့္ မီးလင္းႏိုင္ေရးအတြက္ ေငြက်ပ္သိန္း တစ္ေထာင္အသုံးျပဳမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္ စက္မႈလက္မႈ ဝန္ႀကီးဦးစိုးထက္ကေျပာသည္။

ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ)အား မီးလင္းႏိုင္ေရးအတြက္ မဟာဓာတ္အားလိုင္းမွ လွ်ပ္စစ္မီးမရရွိသ ျဖင့္ ဒီဇယ္မီးျဖင့္ေပးရန္ လိုအပ္သည့္ဆီႏွင့္စက္ ကန္႔သတ္ခ်က္မ်ားရွိသျဖင့္ ဆိုလာမီးျဖင့္ အသုံးျပဳႏိုင္ေရး ေဆာင္ရြက္သြားမည္ျဖစ္သည္။

“တံတားရဲ႕ဟိုဘက္ထိပ္နဲ႔ ဒီဘက္ထိပ္က ခ်ဉ္းကဒ္လမ္းေတြ ၁ မိုင္ ၂ ဖာလုံက ကတၳရာခင္းလို႔မရဘူး။ နယ္ေျမ မေအးခ်မ္းတဲ့အတြက္ပါ။ အဲဒါေလးေတြ က်န္ေနေသးတယ္။ ပလက္ဝၿမိဳ႕မွာ လွ်ပ္စစ္မဟာဓာတ္အားလိုင္းမရ ေတာ့ ညပိုင္းမွာ တံတားမီးအလင္းရေအာင္ ဆိုလာမီးတပ္ဆင္မယ္”ဟု ဦးစိုးထက္ကေျပာသည္။

ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ)အား လက္ရဇိလတ္တေလာအေနအထားရ နယ္ေျမမေအးခ်မ္းမႈေၾကာင့္ ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ)အား ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မွစ၍ ျပည္ေထာင္စုေငြလုံးေငြရင္းရန္ပုံ ေငြျဖင့္ စီမံကိန္းလုပ္ငန္းအေကာင္အထည္ေဖာ္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ယခုလက္ရွိ ၉၅ ရာခိုင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္သည္။

ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ) တည္ေဆာက္မႈကို ၂၀၁၆ ႏွစ္ကုန္ပိုင္းကစ၍ တံတားအထူးအဖြဲ႕ ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ တာ၀န္ယူေဆာက္လုပ္ကာ က်ပ္ေငြ (၂၇) ဘီလီယံအသုံးျပဳေဆာင္ရြက္ ျခင္းျဖစ္သည္။

“ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ) တည္ေဆာက္တာဟာ ေဒသခံေတြ အဆင္ေျပေစဖို႔နဲ႔ ႏွစ္ႏိုင္ငံကုန္ စည္စီးဆင္းမႈေတြ ျမန္ဆန္လာႏိုင္ေအာင္နဲ႔ ေဒသခံလိုအပ္ေနတဲ့ျမစ္ကူးတံတားတစ္စင္းကို ႏိုင္ငံေတာ္ကတည္ ေဆာက္ေပးျခင္းျဖစ္တယ္”ဟု ၎ကေျပာသည္။

အဆိုပါ တံတားအရွည္မွာ ၁၉၄၂ေပ(၅၉၂မီတာ) ရွိၿပီး၊ အက်ယ္ (က) ယာဉ္သြားလမ္း ၂၄ေပ ၇လက္မ(၇.၅) မီတာ၊ (ခ) လူသြားလမ္း တဖက္လွ်င္ (၃)ေပ၊ အမ်ိဳးအစား သံကူကြန္ကရစ္+သံမဏိသံေပါင္ျဖစ္ေၾကာင္း သိ ရသည္။

ယခင္က ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ)အား ၂၀၁၉ ဒီဇင္ဘာလအကုန္ အားလုံးၿပီးစီးရန္ႏွင့္ ၂၀၂၀ ခုႏွစ္ ေဖေဖၚဝါရီ ၂၀ ရက္ေန႔ ခ်င္းအမ်ိဳးသားေန႔တြင္ ဖြင့္လွစ္ႏိုင္ရန္ လ်ာထားခဲ့ျခင္းျဖစ္ေသာ္လည္း နယ္ေျမ မေအးခ်မ္းမႈေၾကာင့္ တံတားမၿပီးစီးခဲ့သျဖင့္ ထပ္မံ၍ မတ္လအကုန္အၿပီးလ်ာထားခဲ့ျခင္းျဖစ္သည္။

ကုလာတန္ျမစ္ကူးတံတား(ပလက္ဝ) ၿပီးစီးပါက ပလက္ဝၿမိဳ႕မွ ပလက္ဝ-မတူပီ၊ ခ်င္းျပည္နယ္အတြင္းၿမိဳ႕မ်ားႏွင့္ ဟာခါး၊မႏၲေလး၊ရန္ကုန္၊ျမန္မာႏိုင္ငံအႏွံ႔ၿမိဳ႕မ်ားသို႔ အဆင္ေျပေခ်ာေမြ႕စြာ ရာသီမေရြးသြားလာႏိုင္မည္ျဖစ္ၿပီး ထို႔ အျပင္ ရခိုင္ျပည္နယ္ စစ္ေတြ- ရန္ကုန္ ျပည္ေထာင္စုလမ္းမႀကီးႏွင့္ခ်ိတ္ဆက္ေသာ ကားလမ္းလည္းျဖစ္ေသာ ေၾကာင့္ ပလက္ဝၿမိဳ႕နယ္ေဒသခံျပည္သူမ်ား လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္လာၿပီး၊ ပညာေရး၊ က်န္းမာ ေရး၊ လူမႈေရး၊ စီးပြားေရးမ်ား ဖြံ႕ၿဖိဳးတိုးတတ္လာမည္ျဖစ္ေၾကာင္းသိရသည္။

ပလက္ဝၿမိဳ႕နယ္သည္ ယခင္ကေရေၾကာင္းတစ္ခုသာ သြားလာရန္အားကိုးေနရၿပီး၊ ပလက္ဝၿမိဳ႕သည္ ကုလာ တန္ျမစ္၏ အေနာက္ဖက္ကမ္းတြင္တည္ရွိသည့္ၿမိဳ႕တၿမိဳ႕ျဖစ္၍ ကုလာတန္ျမစ္ကူးတံတားတစ္စင္းလိုအပ္လ်က္ ရွိပါသည္။ ေဒသခံျပည္သူမ်ား၏ အေရးႀကီးလိုအပ္ခ်က္ကို ႏိုငိငံေတာ္မွ ကုလာတန္ျမစ္ကူးတံတား(ပလက္ဝ) တည္ေဆာက္ေပးျခင္းျဖင့္ ပလက္ဝၿမိဳ႕နယ္ျပည္သူမ်ားသည္ မၾကာမီေပၚထြန္းလာမည့္ ကုလာတန္ျမစ္ကူးတံ တားႀကီး အိပ္မက္သဖြယ္ျဖစ္ခဲ့ရကာ ဝမ္းသာႀကိဳဆိုေၾကာင္း ေဒသခံမ်ား၏ေျပာျပခ်က္အရသိရသည္။

သတင္း- သူရိယထက္

ဓာတ္ပုံ – ZA၊ ပလက္ဝျပန္ဆက္

#PeopleMedia

(unicode)
ကုလားတန်မြစ်ကူးတံတားမီးလင်းရေး ကျပ်သိန်းတစ်ထောင်အသုံးပြု ကာ ဆိုလာတပ်ဆင်မည်
…………………………………………………

ကလေး၊ ဇူလိုင် – ၁

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန်မြစ်ကူးတံတား ဆိုလာမီးဖြင့် မီးလင်းနိုင်ရေးအတွက် ငွေကျပ်သိန်း တစ်ထောင်အသုံးပြုမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား မီးလင်းနိုင်ရေးအတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိသ ဖြင့် ဒီဇယ်မီးဖြင့်ပေးရန် လိုအပ်သည့်ဆီနှင့်စက် ကန့်သတ်ချက်များရှိသဖြင့် ဆိုလာမီးဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

“တံတားရဲ့ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်က ချဉ်းကဒ်လမ်းတွေ ၁ မိုင် ၂ ဖာလုံက ကတ္ထရာခင်းလို့မရဘူး။ နယ်မြေ မအေးချမ်းတဲ့အတွက်ပါ။ အဲဒါလေးတွေ ကျန်နေသေးတယ်။ ပလက်ဝမြို့မှာ လျှပ်စစ်မဟာဓာတ်အားလိုင်းမရ တော့ ညပိုင်းမှာ တံတားမီးအလင်းရအောင် ဆိုလာမီးတပ်ဆင်မယ်”ဟု ဦးစိုးထက်ကပြောသည်။

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား လက်ရဇိလတ်တလောအနေအထားရ နယ်မြေမအေးချမ်းမှုကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလက်ရှိ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်မှုကို ၂၀၁၆ နှစ်ကုန်ပိုင်းကစ၍ တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ကာ ကျပ်ငွေ (၂၇) ဘီလီယံအသုံးပြုဆောင်ရွက် ခြင်းဖြစ်သည်။

“ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်တာဟာ ဒေသခံတွေ အဆင်ပြေစေဖို့နဲ့ နှစ်နိုင်ငံကုန် စည်စီးဆင်းမှုတွေ မြန်ဆန်လာနိုင်အောင်နဲ့ ဒေသခံလိုအပ်နေတဲ့မြစ်ကူးတံတားတစ်စင်းကို နိုင်ငံတော်ကတည် ဆောက်ပေးခြင်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ တံတားအရှည်မှာ ၁၉၄၂ပေ(၅၉၂မီတာ) ရှိပြီး၊ အကျယ် (က) ယာဉ်သွားလမ်း ၂၄ပေ ရလက်မ(ရ.၅) မီတာ၊ (ခ) လူသွားလမ်း တဖက်လျှင် (၃)ပေ၊ အမျိုးအစား သံကူကွန်ကရစ်+သံမဏိသံပေါင်ဖြစ်ကြောင်း သိ ရသည်။

ယခင်က ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား ၂၀၁၉ ဒီဇင်ဘာလအကုန် အားလုံးပြီးစီးရန်နှင့် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်နိုင်ရန် လျာထားခဲ့ခြင်းဖြစ်သော်လည်း နယ်မြေ မအေးချမ်းမှုကြောင့် တံတားမပြီးစီးခဲ့သဖြင့် ထပ်မံ၍ မတ်လအကုန်အပြီးလျာထားခဲ့ခြင်းဖြစ်သည်။

ကုလာတန်မြစ်ကူးတံတား(ပလက်ဝ) ပြီးစီးပါက ပလက်ဝမြို့မှ ပလက်ဝ-မတူပီ၊ ချင်းပြည်နယ်အတွင်းမြို့များနှင့် ဟာခါး၊မန္တလေး၊ရန်ကုန်၊မြန်မာနိုင်ငံအနှံ့မြို့များသို့ အဆင်ပြေချောမွေ့စွာ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ထို့ အပြင် ရခိုင်ပြည်နယ် စစ်တွေ- ရန်ကုန် ပြည်ထောင်စုလမ်းမကြီးနှင့်ချိတ်ဆက်သော ကားလမ်းလည်းဖြစ်သော ကြောင့် ပလက်ဝမြို့နယ်ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတတ်လာမည်ဖြစ်ကြောင်းသိရသည်။

ပလက်ဝမြို့နယ်သည် ယခင်ကရေကြောင်းတစ်ခုသာ သွားလာရန်အားကိုးနေရပြီး၊ ပလက်ဝမြို့သည် ကုလာ တန်မြစ်၏ အနောက်ဖက်ကမ်းတွင်တည်ရှိသည့်မြို့တမြို့ဖြစ်၍ ကုလာတန်မြစ်ကူးတံတားတစ်စင်းလိုအပ်လျက် ရှိပါသည်။ ဒေသခံပြည်သူများ၏ အရေးကြီးလိုအပ်ချက်ကို နိုငိငံတော်မှ ကုလာတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်ပေးခြင်းဖြင့် ပလက်ဝမြို့နယ်ပြည်သူများသည် မကြာမီပေါ်ထွန်းလာမည့် ကုလာတန်မြစ်ကူးတံ တားကြီး အိပ်မက်သဖွယ်ဖြစ်ခဲ့ရကာ ဝမ်းသာကြိုဆိုကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

သတင်း- သူရိယထက်

ဓာတ်ပုံ – ZA၊ ပလက်ဝပြန်ဆက်

#PeopleMedia


Share this post