• Follow Us on

Home ကုသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ် မိန့်ခွန်းပြောခွင့်မရှိ

ကုသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ် မိန့်ခွန်းပြောခွင့်မရှိ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇ (People Media)

 

လာမည့်သီတင်းပတ်တွင်ကျင်းပမည့် နှစ်ပတ်လည်အဆင့်မြင့်ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံမှ မည်သည့်ကိုယ်စားလှယ်ကိုမှ မိန့်ခွန်းပြောကြားခွင့်ပြုမည်မဟုတ်ကြောင်း ကုလသမဂ္ဂမှ ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာလ ၂၄ ရက်နေ့ကပြောသည်။

 

အာဏာသိမ်းစစ်အစိုးရက ရွေးကောက်ခံအစိုးရအားဖြုတ်ချလိုက်ပြီးနောက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်နေကြစဉ် ကုလသမဂ္ဂမှပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ယခုလို ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ခံအစိုးရက ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို တင်္နလာနေ့ (စက်တင်ဘာ ၂၇ ) ရက်နေ့တွင်ကျင်းပမည့် ၁၉၃ နိုင်ငံပါဝင် သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောရမည်ဟု ကနဦးက မျှော်လင့်ထားကြသည်။

 

ကုသမဂ္ဂဆိုင်ရာသံအမတ်ကြီးဦးကျော်မိုးထွန်း အဆင့်မြင့်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခြင်းမပြုမချင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းဆက်လက်တည်ရှိနေသည်ကို ရုရှားနှင့် တရုတ် နိုင်ငံတို့က ကန့်ကွက်မည်မဟုတ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည် ထောင်စုတို့ သဘောတူညီမှုရရှိထားကြကြောင်း သံတမန်များကပြောသည်။

 

“မိန့်ခွန်းပြောရမယ့်စာရင်းထဲကနေ ကျွန်တော်နုတ်ထွက်ခဲ့ပါတယ်။ ဒီအထွေထွေညီလာခံမှာ ကျွန်တော်မိန့်ခွန်း ပြောတော့မှာ မဟုတ်ပါဘူး။” ဟု ဦးကျော်မိုးထွန်းက ရိုက်တာသတင်းဌာနသို့ပြောသည်။ ရုရှား၊ တရုတ်နှင့် အ မေရိကန်ပြည်ထောင်စုအပါအဝင် ကုသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကြားမှ သဘောတူညီချက်ကို ၎င်းအနေဖြင့် သ ဘောပေါက်နားလည်ကြောင်း ဦးကျော်မိုးထွန်းက ဖြည့်စွက်ပြောကြားသည်။

 

ဦးကျော်မိုးထွန်းက ကုသမဂ္ဂရှိ၎င်း၏ သံအမတ်ကြီးနေရာ တရားဝင်အသိအမှတ်ပြုမှုအား သက်တမ်းထပ်မံတိုး မြှင့်ရန်တောင်းဆိုနေစဉ်အတွင်း မြန်မာစစ်အစိုးရက စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးအောင်သူရိန်အား ကုလ သမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ်အသိအမှတ်ပြုရန် ကုလသမဂ္ဂသို့တင်ပြခဲ့သည်။

 

ကုသမဂ္ဂသံအမတ်ကြီးနေရာတရားဝင်အသိအမှတ်ပြုခြင်းအား အမေရိကန်၊ တရုတ်၊ ရုရှားတို့ပါဝင်သော အဖွဲ့ ဝင်ကိုးနိုင်ငံပါ အရည်အချင်းစစ်ကော်မတီက ကိုင်တွယ်ဆုံးဖြတ်ခြင်းဖြစ်သည်။ ယင်းသို့ဆုံးဖြတ်ခြင်းကို ပုံမှန် အားဖြင့် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ဆောင်ရွက်လေ့ရှိသည်။

 

အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ချက်မချမချင်း ဦးကျော်မိုးထွန်းသည် အထွေထွေညီလာခံစဉ်မျဉ်းစည်း ကမ်းများအရ ကုသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများမှာ ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီးနှင့်လည်း အကြုံးဝင်ကြောင်းသိရ သည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့်ဆက်နွယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ကြားမှ ကုသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း အထွေထွေညီလာခံတွင် မိန့်ခွန်းပြောဆိုခွင့်မရှိ သည့်သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

 

Ref: Myanmar will not address world leaders at UN General Assembly

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Myanmar will not address world leaders at UN General Assembly

 

#PeopleMedia


Share this post