• Follow Us on

Home ကူဝိတ်နှင့် အမေရိကန် စသည့်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ကူဝိတ်နှင့် အမေရိကန် စသည့်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၉ (People Media)

 

ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် အမေရိကန် သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၈ ရက်က ကူဝိတ်တွင် အဆုံးသတ်ခဲ့ကြောင်း ကူဝိတ်ပြည်ထဲရေးဝန်ကြီးနှင့် ခေတ္တကာကွယ်ရေးဝန်ကြီး Sheikh Thamer Al-Ali Al-Sabah က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

 

“Gulf Shooting 2021” ဟု အမည်ပေးထားသော ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုသည် ကူဝိတ်နှင့် ဆော်ဒီအာ ရေဗျ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့်အင်အားစုများအား ဟန့်တားခြင်းဖြစ်ပြီး သုံးနိုင်ငံညှိနှိုင်းပူး ပေါင်းဆောင်ရွက်သည့် စိတ်ဓါတ်ကို ပေါ်လွင်စေကြောင်း Sheikh Thamer Al-Ali Al-Sabah က ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက် ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ကူဝိတ်နှင့် ဆော်ဒီ နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍတွင် ညှိနှိုင်းပူး ပေါင်းဆောင်ရွက်မှုရှိကြောင်း ဖော်ပြခြင်းဖြစ်သည်ဟုဆိုသည်။

 

ယခုအကြိမ်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၇ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၊ စစ်ရေးလေ့ကျင့်မှုမွမ်းမံ သင်တန်းနှင့် မြေပြင်လှုပ်ရှားမှု စသည့် ကဏ္ဍစုံပါဝင်ကြောင်း၊ အဓိကရည်ရွယ်ချက်တစ်ခုမှာ ဘက်စုံလက်တွေ့ တိုက်ပွဲနှင့် စစ်ရေးနည်းပရိယာယ် စုစည်းရန်ဖြစ်ကြောင်း ကူဝိတ်သတင်းဌာန၏ဖော်ပြချက်များအရ သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


……………………………………………………………

 


 


 


 


 

(Xinhua)

 



Share this post