• Follow Us on

Home ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၅၈) သန်းရှိ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံများအနက် အဆင့် (၁၆) ရပ်တည်နေ

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၅၈) သန်းရှိ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံများအနက် အဆင့် (၁၆) ရပ်တည်နေ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ (People Media)

 

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၅၈ သန်းရှိပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများအနက် အဆင့် (၁၆) တွင်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

 

ယမန်နေ့ ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းရေး အတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိပြီး၊ ကနေဒါမှာ အာဆီယံ၏ (၁၅) နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ကုန်သွယ်ဖက်နိုင်ငံများထဲတွင် အဆင့် (၂၆) တွင် ရှိပြီး၊ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်ရှိကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia #ကနေဒါ_မြန်မာ

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post