• Follow Us on

Home ကေနဒါဝန္ႀကီးခ်ဳပ္ရဲ႕ဇနီးသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

ကေနဒါဝန္ႀကီးခ်ဳပ္ရဲ႕ဇနီးသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

Share this post

ေအာ့တာဝါ၊ မတ္ ၁၃

ကေနဒါဝန္ႀကီးခ်ဳပ္ဂ်က္စတင္ ထ႐ူးဒူးရဲ႕ဇနီးသည္ ဆိုဖီလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ ကေနဒါ ဝန္ႀကီးခ်ဳပ္႐ုံးက ၾကာသပေတးေန႔ညပိုင္းမွာ ထုတ္ျပန္ပါတယ္။

ၾကာသပေတးေန႔မွာ ဗိုင္းရပ္စ္စစ္ေဆးခဲ့ၿပီး ကူးစက္ခံထားရတယ္ဆိုတာ အတည္ျပဳခဲ့တာပါ။

“က်န္းမာေရးအႀကံေပးခ်က္ေတြကို လက္ခံၿပီး ကူးစက္ခံထားရတာသိတဲ့အခ်ိန္တည္းက သီးသန္႔ေနေနပါ တယ္။ သက္သာပါတယ္။ အႀကံျပဳထားတဲ့ႀကိဳတင္ကာကြယ္ေရးနည္းလမ္းေတြကိုလည္းလိုက္နာေနတယ္။ သူ့ေရာဂါလကၡဏာေတြက အေပ်ာ့စားပဲျဖစ္ေနပါတယ္” လို႔ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

အသက္ ၄၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ ထ႐ူးဒူးကေတာ့ က်န္းမာေရးေကာင္းေနၿပီး ေရာဂါလကၡဏာေတြမျပေပမဲ့ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ၁၄ ရက္ၾကာသီးသန္႔ေနထိုင္ဖို႔ရွိတယ္လို႔လည္း ပါဝင္ပါတယ္။

ဆိုဖီ ထ႐ူးဒူးဟာ ၿဗိတိန္ကေနျပန္လာၿပီးတဲ့ေနာက္ အဖ်ားရွိလို႔ ေဆးစစ္ခဲ့တာျဖစ္ပါတယ္။

ကေနဒါႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူအေယာက္ ၁၃၀ ရွိေနပါတယ္။

ကေနဒါျပည္နယ္ ၁၀ ခုက ၆ ခုမွာ ဗိုင္းရပ္စ္ကူးစက္မႈရွိေနပါၿပီ။

Ref: Canadian PM Trudeau’s wife tests positive for COVID-19

#PeopleMedia #CoronaVirus #Canada

(Unicode)
ကနေဒါဝန်ကြီးချုပ်ရဲ့ဇနီးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
………………………………………………

အော့တာဝါ၊ မတ် ၁၃

ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒူးရဲ့ဇနီးသည် ဆိုဖီလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ကနေဒါ ဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကြာသပတေးနေ့မှာ ဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီး ကူးစက်ခံထားရတယ်ဆိုတာ အတည်ပြုခဲ့တာပါ။

“ကျန်းမာရေးအကြံပေးချက်တွေကို လက်ခံပြီး ကူးစက်ခံထားရတာသိတဲ့အချိန်တည်းက သီးသန့်နေနေပါ တယ်။ သက်သာပါတယ်။ အကြံပြုထားတဲ့ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကိုလည်းလိုက်နာနေတယ်။ သူ့ရောဂါလက္ခဏာတွေက အပျော့စားပဲဖြစ်နေပါတယ်” လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အသက် ၄၈ နှစ်ရှိနေပြီဖြစ်တဲ့ ထရူးဒူးကတော့ ကျန်းမာရေးကောင်းနေပြီး ရောဂါလက္ခဏာတွေမပြပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၁၄ ရက်ကြာသီးသန့်နေထိုင်ဖို့ရှိတယ်လို့လည်း ပါဝင်ပါတယ်။

ဆိုဖီ ထရူးဒူးဟာ ဗြိတိန်ကနေပြန်လာပြီးတဲ့နောက် အဖျားရှိလို့ ဆေးစစ်ခဲ့တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအယောက် ၁၃၀ ရှိနေပါတယ်။

ကနေဒါပြည်နယ် ၁၀ ခုက ၆ ခုမှာ ဗိုင်းရပ်စ်ကူးစက်မှုရှိနေပါပြီ။

Ref: Canadian PM Trudeau’s wife tests positive for COVID-19

#PeopleMedia #CoronaVirus #Canada


Share this post