• Follow Us on

Home ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်၌ အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီး ပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်ရန် န-စ-ကဥက္ကဋ္ဌမှ ကမ္ဘောဒီးယားတပ်ချုပ်အား တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်၌ အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီး ပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်ရန် န-စ-ကဥက္ကဋ္ဌမှ ကမ္ဘောဒီးယားတပ်ချုပ်အား တိုက်တွန်း

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၉ (People Media)

 

ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်တွင် အာဆီယံနိုင်ငံများ၏ ဘုံ အကျိုးစီးပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံပဋိညာဉ်နှင့်အညီ ဆောင်ရွက်နိုင်ပါစေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက် တွန်းပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN နှင့်ယမန်နေ့ ညနေပိုင်း တွင် Video Conferen ဖြင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လူမျိုး၊ ယဉ်ကျေးမှုတို့တွင် အခြေခံ အားဖြင့် တူညီမှုရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်မှုတွင်လည်း တူညီမှုရှိကာ ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်း ကြောင်းရှိခဲ့သည့် အခြေအနေ၊ CLMV အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကာ မဲခေါင်ဒေသခွဲ GMS အဖွဲ့ဝင်နိုင်ငံများ လည်းဖြစ်သည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေနှင့် ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နားလည်မှုအပြည့်ဖြင့် ရပ်တည်ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ ကမ္ဘာဒီးယားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုအတွက် မြန်မာနိုင်ငံအနေဖြင့် တတ်နိုင်သည့်ကဏ္ဍများတွင် အပြည့်အဝပါဝင် ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ အာဆီယံနိုင်ငံများ အချင်းချင်းစည်းလုံးညီညွတ်ရန်နှင့် အာဆီယံပဋိညာဉ်များကို အာဆီယံနိုင်ငံများအားလုံး လိုက်နာဆောင်ရွက် ရန်လိုအပ်ပြီး အချို့သောနိုင်ငံများက အာဆီယံပဋိညာဉ်အား ချိုးဖောက်ဆောင်ရွက်မှုများကြောင့် အဖွဲ့ဝင်နိုင်ငံ များအားလုံးအပေါ် ထိခိုက်မှုရှိနိုင်သည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာဆီယံကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေးအပါအဝင် အာဆီယံဆိုင်ရာအစည်းအဝေးများနှင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ် ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများအနေဖြင့် ကိုယ်တိုင်တက်ရောက်နိုင်ရေး ဖိတ်ကြားသည့်အခြေ အနေ၊ နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်စေလွှတ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော် ဆောင်နိုင်ရေးအတွက် အာဆီယံပဋိညာဉ်နှင့်အညီ ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မြန်မာ-ကမ္ဘောဒီးယား

 

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia #မွနျမာ-ကမ်ဘောဒီးယား


Share this post