• Follow Us on

Home ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော CLMVT Forum ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ၊ ဟိုတယ်ခရီးဝန်ကြီး တက်ရောက်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော CLMVT Forum ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ၊ ဟိုတယ်ခရီးဝန်ကြီး တက်ရောက်

Share this post

နေပြည်တော်၊ မတ် ၃

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ထိုင်းနိုင်ငံ၊ Kasetsart University မှကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့ပါဝင်သော CLMVT Forum ၏ ညှိနှိုင်းဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရ သည်။

 

“CLMVT Forum သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြိုးစားအားထုတ်မှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း၊ ဖိုရမ်သည် CLMVT နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ဆောင်ချက် တစ်ခုသာမက အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များထံမှ အကြံပြုချက် များ၊ ပညာရပ်များနှင့် အမြင်များမှတစ်ဆင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ကြောင်း၊ ထို့အပြင် CLMVT နိုင်ငံများအကြား ကိုဗစ်−၁၉ ကပ်ရောဂါအလွန် တွေ့ကြုံရမည့်အခြေအနေများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာများကို လေ့လာသုံးသပ် ဆွေးနွေး နိုင်ခဲ့ကြောင်း” ဟု  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ခရီးသွားလုပ်ငန်းသည် CLMVT နိုင်ငံများအတွက်သာမက နိုင်ငံတကာတွင် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် အကျိုးပြုသော အဓိကအရေးပါသည့်လုပ်ငန်းကဏ္ဍများအနက် တစ်ခုပင်ဖြစ်ကြောင်း၊ ဖိုရမ်ကထွက်ပေါ်လာသော ရလဒ်များက CLMVT နိုင်ငံများအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောင်အထည်ဖော်ရေးအတွက် ရှင်းလင်းလွယ်ကူသော လမ်းညွှန်ချက်များနှင့် အကြုံပြုချက်များမှတစ်ဆင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်လာစေ မည်ဟု ယုံကြည်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 

#PeopleMedia


Share this post