• Follow Us on

Home ကမ္ဘောဒီးယားထိပ်တန်းသံတမန် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်သွားရောက်ရန် ထွက်ခွာ

ကမ္ဘောဒီးယားထိပ်တန်းသံတမန် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်သွားရောက်ရန် ထွက်ခွာ

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရပ်ဆခုန်ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်နေ့က ထွက်ခွာ သွားတယ်လို့ သိရပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီး ပရပ်ဆခုန်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ သုံးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ဖိတ်ကြားထားတဲ့အတွက် အခုလိုသွားရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ရဲ့ ပထမဦးဆုံးခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများအဆုံးသတ်နိုင် ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အစွမ်းကုန်စိတ်ရှည်သည်းခံနိုင်ရေး၊ ASEC နဲ့ AHA စင်တာတို့ရဲ့ ထောက်ပံ့မှု/ ပေါင်းစပ်ညှိနှိုင်းမှုတို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဝေပေးနိုင်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအား နိုင်ငံရေးအကြံပေးခြင်း/ ဆွေးနွေးပွဲများဖြစ်ပေါ်လာအောင် တိုက်တွန်းအား ပေးခြင်းများ ဆောင်ရွက်ရန်အတွက် အခုခရီးစဉ်ကိုသွားရောက်ရခြင်းဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

 

Ref: Cambodian Top Diplomat Departs Cambodia for a Working Visit in Myanmar

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 

Ref: Cambodian Top Diplomat Departs Cambodia for a Working Visit in Myanmar

 

#PeopleMedia


Share this post