• Follow Us on
Latest News

Home ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာစစ်ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသောကြောင့် ဆန္ဒပြ သူများ ဒေါသထွက်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာစစ်ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသောကြောင့် ဆန္ဒပြ သူများ ဒေါသထွက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၇ (People Media)

 

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ၊ လူ့အခွင့်အရေးအုပ်စုများ၏ ဝေဖန်မှုများ ရှိနေသည့်ကြားမှ စစ်အာဏာသိမ်းပြီး ကတည်းက ပြည်ပခေါင်းဆောင်တစ်ဦး၏ ပထမဦးဆုံးခရီးစဉ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည်  လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်သည် နေပြည်တော်လေဆိပ်သို့ မြန်မာစံတော်ချိန် ၉ နာရီခွဲတွင် ရောက်ရှိလာရာ မြန်မာနိုင် ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

 

မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရထံမှ အာဏာသိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေသည့်နိုင်ငံဖြစ် ပြီး အာဆီယံအဖွဲ့သည် ဧပြီလအတွင်းက ၎င်းတို့ချမှတ်ထားသည့် သဘောတူညီချက်များကို လိုက်နာဆောင် ရွက်ရန်ပျက်ကွက်မှုဖြင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံနှစ်ပတ်လည်အစည်းအဝေး တက်ရောက်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်၏ “ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော သံတမန်ဆက်ဆံရေး” သည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေနိုင်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International မှ သုတေသနဆိုင်ရာ ဒု တိယဒေသတွင်းညွှန်ကြားရေးမှူး အီမာလင်းနီဂဲလ်က ပြောသည်။

 

“ဟွန်ဆန်က မြန်မာနိုင်ငံကို တကယ်ကူညီချင်တယ်ဆိုရင် သူ့အနေနဲ့ ဒီခရီးစဉ်ကို ဖျက်သိမ်းပြီး ဓာတ်ပုံတွေ ကြည့်ပြီး ကိုယ့်ကျောကိုယ်သပ်ကျေနပ်နေတာထက် ဘာမှသိပ်မပိုတဲ့ တန်ဖိုးမရှိတဲ့ဆက်ဆံရေးမျိုးကိုဆောင် ရွက်မယ့်အစား မြန်မာနိုင်ငံက အလွန်ဆိုးရွားနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကိုင်တွယ်နိုင်အောင်လို့ အာဆီယံကို ဦးဆောင်ပြီး ပြင်းထန်တဲ့အရေးယူမှုမျိုးတွေ ဆောင်ရွက်သင့်ပါတယ်။” ဟု ၎င်းကပြောသည်။

 

စစ်အာဏာသိမ်းပြီးကတည်းက လူဦးရေ ၁,၅၀၀ နီးပါးသေဆုံးခဲ့ပြီး လူဦးရေ ၁၁,၅၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။ လွန်ခဲ့သည့်လက Save the Children ဝန်ထမ်းနှစ်ဦးအပါအဝင် အရပ်သား ၃၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များကသတ်ဖြတ်ခဲ့ သည်ဟု စွပ်စွဲထားကြောင်း အကူအညီပေးရေးအဖွဲ့ (NGO) တစ်ခုကပြောသည်။

 

နိုင်ငံတစ်ဝန်းတွင် ဝန်ကြီးချုပ်ဟွန်ဆန်မရောက်မီ နေရာအနှံ့အပြား၌ ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်။ နေပြည် တော် မြောက်ဘက် ကီလိုမီတာ ၃၀၀ ဝန်းကျင် (၁၈၆ မိုင်) ကွာဝေးသော ဒီပဲယင်းမြို့တွင် ဝန်ကြီးချုပ် ဟွန်ဆန် ရုပ်ပုံနှင့် “ဟွန်ဆန် မြန်မာနိုင်ငံကို မလာနဲ့” “အာဏာရှင် ဟွန်ဆန် အလိုမရှိ” စာတမ်းပါ ပိုစတာများကို  မီးတင်  ရှှို့ခဲ့ကြသည်။ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် မုံရွာမြို့တို့တွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်လာရောက်လည်ပတ်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပြေလည်အောင်မဖြေရှင်းနိုင် သည့် စစ်အစိုးရကို တရားဝင်အစိုးရသဖွယ်အသိအမှတ်ပြုလိုက်ရာရောက်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီ လှုပ်ရှားမှုကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက RFA ကို ပြောသည်။

 

“သူ (ဟွန်ဆန်) က ကမ္ဘောဒီးယားနိုင်ငံက အာဏာရှင်ပဲဗျ။ သူလိုလူက ကျွန်တော်တို့နိုင်ငံအရေးကို ကြားဝင် ဖြေရှင်းပေးမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဗျာ။” ဟု ၎င်းကပြောသည်။

 

Ref: Protests, anger as Hun Sen visits Myanmar’s military leaders

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Protests, anger as Hun Sen visits Myanmar’s military leaders

 

#PeopleMedia


Share this post