• Follow Us on

Home ကလောမြို့နယ်၌ ပုဒ်မ-၁၄၄ အမိန့်ထုတ်ပြန်

ကလောမြို့နယ်၌ ပုဒ်မ-၁၄၄ အမိန့်ထုတ်ပြန်

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၆ (People Media)

 

ဇန်နဝါရီလ ၄ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ -၁၄၄ အမိန့်ကို အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ထုတ်ပြန်လိုက်သည်။

 

လက်ရှိအချိန်၌ ကလောမြို့နယ်၏ နယ်နမိတ်တွင်း လူတချို့သည် အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်များရှိသည့်  ပြုမူဆောင်ရွက်နေကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန် ထားသည်။

 

ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများဖြစ်နိုင်သည်ဟု ယူဆ ရသဖြင့် ကလောမြို့နယ်တွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ် တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ထုတ် ပြန်ထားသည်။

 

ထို့အပြင် လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောသူများသည် ကလောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူများသွားလာလမ်းများ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ်  အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ဆင့် ထုတ်ပြန်ထားသည်။

 

အဆိုပါအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမခြင်း အတည်ဖြစ်စေရမည်ဖြစ်ကြောင်း ကလောမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ထုတ်ပြန်ထားသည်။

 

Photo – Credit

 

#PeopleMedia #ကလောမြို့

 

(unicode)


………………………………….

 


 


 


 


 


 


 

Photo – Credit

 



Share this post