• Follow Us on

Home ကလေးခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်အထိရှိလာ

ကလေးခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်အထိရှိလာ

Share this post

ကလေး၊ သြဂုတ် – ၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်အထိရှိလာနေပြီဖြစ်ကြောင်း ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ကလေးခရိုင်အတွင်း ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့နယ်တို့တွင် ၂၀၂၁ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိ တရားဝင်စာရင်းအရ ကိုဗစ်ပိုးတွေ့လူနာ ကလေးမြို့နယ်တွင် ၁၇၇၁ ဦး၊ ကလေးဝမြို့နယ်တွင် ၃၆၈ ဦးနှင့် မင်းကင်းမြို့နယ်တွင် ၅၄ ဦး စုစုပေါင်း ၂၁၉၃ ဦးရှိကြောင်း ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းအရ သိရသည်။

 

“ကလေးမှာတော့ အရင်ကထက် ပိုးတွေ့မှုနှုန်းလဲကျဆင်းတယ်။ သေဆုံးမှုနှုန်းလဲကျဆင်းပါတယ်။ အရင်က ကလေးမှာ သေဆုံးမှုနှုန်းက တစ်ရက်ကို ၂၀ နဲ့ ၃၀ ကြားလောက်ရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ၁၀ ယောက်လောက်ပါပဲ။ အဓိကတော့ ဆေးကုမယ့်နေရာမရှိလို့၊ အောက်ဆီဂျင်ပြတ်လပ်တာတွေရှိလို့ အဲဒါ ကြောင့်ပါပဲ။ အသက် ၅၀ ကျော်တွေသေဆုံးတာများတယ်။ ရောဂါအခံရှိကြတယ်။ အဓိကတော့ ကိုယ့် အိမ်မှာကိုယ်နေဖို့ပါပဲ”ဟု ကလေးမြို့ Volunteer လုပ်ကိုင်နေသူ ဦးဗျက်မှီးငါကပြောသည်။

 

ကလေးခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ကလေး မြို့နယ်တွင် ၁၆၅၈ ဦး၊ ကလေးဝမြို့နယ်တွင် ၃၃၄ ဦးနှင့် မင်းကင်းမြို့နယ်တွင် ၄၅ ဦး စုစုပေါင်း ၂၀၃၇ ဦးရှိပြီး လက်ရှိဆေးကုသမှုခံယူနေသူ ကလေးမြို့နယ်တွင် ၁၁၃ ဦး၊ ကလေးဝမြို့နယ်တွင် ၃၄ ဦးနှင့် မင်းကင်းမြို့ နယ်တွင် ၉ ဦး စုစုပေါင်း ၁၅၆ ဦးရှိကာ ကိုဗစ်ကြောင့် သေဆုံးလူနာပေါင်း ၁၂၉ ဦးရှိကြောင်း ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါကိုဗစ်အတည်ပြုလူနာများကိုတော့ ကလေးမြို့နယ်တွင် ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး၊ COVID-19 ကုသရေးဌာန(အိတ်စွတ်)နှင့် တိုင်းရင်းဆေးရုံ၊ ကလေးဝမြို့နယ်တွင် ကလေးဝမြို့ပြည်သူ့ဆေးရုံနှင့် မိုးလုံလေ လုံအားကစားရုံ၊ မင်းကင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိ၍ COVID-19 ရောဂါ ပိုးတွေ့လူနာများ အား ကုသပေးလျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်နှင့် ညဈေးတန်း၊ KTV၊ Night Club၊ Bar၊ အနှိပ်ခန်း၊ အားကစားရုံများအား ဇူလိုင်လ ၅ ရက် နေ့မှစ၍ ၁၉ ရက်နေ့အထိ ပိတ်ထားရန် Stay at home ဒေသမှ လာရောက်သူများကို RDT Test Kit ဖြင့် ၇၂ နာရီအတွင်း စစ်ဆေးထားသည့်အထောက်အထားပါမှ ဝင်ခွင့်ပြုရန် လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဇူလိုင်လ  ၂ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

 

ကလေးခရိုင်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း သိရသည်။

 

သူရိယထက်

 

#PeopleMedia #COVID19 #ကလေးခရိုင်

 

(unicode)


………………………………………….

 


 


 


 


 


 


 


 


 


 



Share this post