• Follow Us on

Home ကေလးမ်ားကို ၿဗိတိန္တြင္ေတြ႕ရသည့္ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲပိုမိုကူးစက္ႏိုင္

ကေလးမ်ားကို ၿဗိတိန္တြင္ေတြ႕ရသည့္ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲပိုမိုကူးစက္ႏိုင္

Share this post

လန္ဒန္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ၿဗိတိန္တြင္ျမန္ဆန္စြာပ်ံ႕ႏွံ႔ေနသည့္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲသည္ ယခင္မ်ိဳးကြဲမ်ားႏွင့္မတူဘဲ ကေလးမ်ားကို လူႀကီးမ်ားကဲ့သို႔ကူးစက္လြယ္ေၾကာင္း သိပၸံပညာ႐ွင္မ်ားက တနလၤာေန႔တြင္ေျပာသည္။
 
ဗိုင္းရပ္စ္မ်ိဳးကြဲသည္ကေလးငယ္မ်ားကိုကူးစက္ႏိုင္ေခ်ျမင့္မားေၾကာင္း အခ်က္အလက္မ်ား႐ွိသည္ဟု လန္ဒန္ေတာ္၀င္ေကာလိပ္၏ ကူးစက္ေရာဂါပညာ႐ွင္ႏွင့္ ပါေမာကၡလည္းျဖစ္၊ ၿဗိတိန္အစိုးရ၏ ေပၚ ေပါက္ေနေသာအသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါပိုးအႏၲရာယ္အႀကံေပးအဖြဲ႕(NERVTAG)၏ အဖြဲ႔၀င္လည္းျဖစ္သည့္ နီးလ္ ဖာဂူဆန္ကေျပာသည္။
 
မ်ိဳးကြဲအသစ္၏ေျပာင္းလဲမႈမ်ားတြင္ လူသားဆဲလ္မ်ားအတြင္း၀င္ေရာက္သည့္နည္းလမ္းမ်ားေျပာင္းလဲျခင္း လည္းပါ၀င္ေၾကာင္း NERVTAG အဖြဲ႔၀င္ႏွင့္ ေကာလိပ္မွဗိုင္းရပ္စ္ဆိုင္ရာအထူးပညာ႐ွင္ ေနာက္ထပ္ပါ ေမာကၡတေယာက္ျဖစ္သည့္ ၀င္ဒီ ဘာကေလကေျပာသည္။
 
ထို႔ေၾကာင့္ ကေလးမ်ားကို ကူးစက္မႈပိုမ်ားလာႏိုင္ၿပီး မၾကာမီအခ်ိန္အတြင္း ကေလးငယ္မ်ားကိုကူးစက္မႈမ်ား ပိုေတြ႕လာႏိုင္ေၾကာင္းလည္း ဘာကေလကသတိေပးသည္။
 
ၿဗိတိန္႐ွိယခင္ဗိုင္းရပ္စ္မ်ိဳးကြဲမ်ားထက္ ၇၀ ရာခိုင္ႏႈန္းပိုမိုကူးစက္လြယ္သည့္ SARS-CoV-2 ဗိုင္းရပ္စ္မ်ိဳး ကြဲေပၚထြက္လာျခင္းေၾကာင့္ ႏိုင္ငံအမ်ားအျပားက ၿဗိတိန္ႏွင့္အ၀င္အထြက္ပိတ္လိုက္ၿပီး ႏိုင္ငံတ၀န္းတြင္လည္း ခရစၥမတ္ကာလတြင္ ျပင္းထန္သည့္ကန္႔သတ္မႈမ်ားအစျပဳခဲ့သည္။
 
Ref : UK COVID-19 variant may be more able to infect children Scientists
 
#PeopleMedia
 
(unicode)
ကလေးများကို ဗြိတိန်တွင်တွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲပိုမိုကူးစက်နိုင်
……………………………………………
 
လန်ဒန်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဗြိတိန်တွင်မြန်ဆန်စွာပျံ့နှံ့နေသည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ယခင်မျိုးကွဲများနှင့်မတူဘဲ ကလေးများကို လူကြီးများကဲ့သို့ကူးစက်လွယ်ကြောင်း သိပ္ပံပညာရှင်များက တနင်္လာနေ့တွင်ပြောသည်။
 
ဗိုင်းရပ်စ်မျိုးကွဲသည်ကလေးငယ်များကိုကူးစက်နိုင်ချေမြင့်မားကြောင်း အချက်အလက်များရှိသည်ဟု လန်ဒန်တော်ဝင်ကောလိပ်၏ ကူးစက်ရောဂါပညာရှင်နှင့် ပါမောက္ခလည်းဖြစ်၊ ဗြိတိန်အစိုးရ၏ ပေါ် ပေါက်နေသောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးအန္တရာယ်အကြံပေးအဖွဲ့(NERVTAG)၏ အဖွဲ့ဝင်လည်းဖြစ်သည့် နီးလ် ဖာဂူဆန်ကပြောသည်။
 
မျိုးကွဲအသစ်၏ပြောင်းလဲမှုများတွင် လူသားဆဲလ်များအတွင်းဝင်ရောက်သည့်နည်းလမ်းများပြောင်းလဲခြင်း လည်းပါဝင်ကြောင်း NERVTAG အဖွဲ့ဝင်နှင့် ကောလိပ်မှဗိုင်းရပ်စ်ဆိုင်ရာအထူးပညာရှင် နောက်ထပ်ပါ မောက္ခတယောက်ဖြစ်သည့် ဝင်ဒီ ဘာကလေကပြောသည်။
 
ထို့ကြောင့် ကလေးများကို ကူးစက်မှုပိုများလာနိုင်ပြီး မကြာမီအချိန်အတွင်း ကလေးငယ်များကိုကူးစက်မှုများ ပိုတွေ့လာနိုင်ကြောင်းလည်း ဘာကလေကသတိပေးသည်။
 
ဗြိတိန်ရှိယခင်ဗိုင်းရပ်စ်မျိုးကွဲများထက် ၇၀ ရာခိုင်နှုန်းပိုမိုကူးစက်လွယ်သည့် SARS-CoV-2 ဗိုင်းရပ်စ်မျိုး ကွဲပေါ်ထွက်လာခြင်းကြောင့် နိုင်ငံအများအပြားက ဗြိတိန်နှင့်အဝင်အထွက်ပိတ်လိုက်ပြီး နိုင်ငံတဝန်းတွင်လည်း ခရစ္စမတ်ကာလတွင် ပြင်းထန်သည့်ကန့်သတ်မှုများအစပြုခဲ့သည်။
 
Ref : UK COVID-19 variant may be more able to infect children Scientists
 
#PeopleMedia

Share this post