• Follow Us on

Home ကေလးမ်ား အနာဂါတ္သည္ ႏိုင္ငံေတာ္၏အနာဂါတ္ျဖစ္သည္ဟုခံယူ၍ ပညာေရး၀န္ႀကီးဌာနအေနျဖင့္ ျဖည့္ဆည္းေပးေနေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာ

ကေလးမ်ား အနာဂါတ္သည္ ႏိုင္ငံေတာ္၏အနာဂါတ္ျဖစ္သည္ဟုခံယူ၍ ပညာေရး၀န္ႀကီးဌာနအေနျဖင့္ ျဖည့္ဆည္းေပးေနေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာ

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၃၀

ကေလးမ်ား အနာဂါတ္သည္ ႏိုင္ငံေတာ္၏အနာဂါတ္ျဖစ္သည္ဟုခံယူ၍ ပညာေရး၀န္ႀကီးဌာနအေနျဖင့္ ျဖည့္ဆည္းေပးေနေၾကာင္းပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာသည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၂၉ရက္က်င္းပသည့္ ပညာေရးမွဴးမ်ား၊ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာၾကားခဲ့သည္။

“ပညာေရး၀န္ႀကီးဌာနအေနနဲ႔ ကေလးမ်ားရဲ႔အနာဂါတ္ဟာ ႏိုင္ငံေတာ္ရဲ႔အနာဂါတ္ျဖစ္တယ္လို႔ခံယူၿပီးေတာ့ ျဖည့္ဆည္းေဆာင္ရြက္ေပးေနပါတယ္။ဒါေၾကာင့္ သင္ယူတတ္ေျမာက္မႈအရည္အေသြးေကာင္းမြန္ေစေရးအတြက္ အရည္အေသြးရွိေသာပညာေရးကို ဦးတည္အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနပါတယ္။သို႔ေသာ္လည္းပဲ ႏွစ္ေပါင္းမ်ားစြာပညာေရးအားနည္းခဲ့တာေၾကာင့္ေျဖရွင္း ျဖည့္ဆည္းရန္မ်ားျပားလွပါတယ္’’ဟု ၎ကေျပာသည္။

လက္ရွိတြင္ covid 19ကပ္ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းမ်ားတြင္ အထက္တန္းအဆင့္ေက်ာင္းေပါင္း၃၉၉၉ ေက်ာင္းဖြင့္လွစ္ထားၿပီး က်န္ေက်ာင္းမ်ားမွာ ႏိုင္ငံေတာ္ကသက္မွတ္ထားသည့္ က်န္းမာေရးႏွင့္ကိုက္ညီသည့္အခ်က္၈၀ မျပည့္မီသျဖင့္ဖြင့္လွစ္ခြင့္မရရွိေသးေၾကာင္းသိရသည္။

အေျခခံပညာဦးစီးဌာနလက္ေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ရွိၿပီ းအလယ္တန္းႏွင့္မူလတန္းအဆင့္မ်ားမွာဖြင့္လွစ္မႈ စက္တင္ဘာလအထိေရႊ႕ဆိုင္းထားေၾကာင္းသိရသည္။

#peoplemedia

(Unicode)
ကလေးများ အနာဂါတ်သည် နိုင်ငံတော်၏အနာဂါတ်ဖြစ်သည်ဟုခံယူ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော
========================

နေပြည်တော်၊ ဇူလိုင် ၃၀

ကလေးများ အနာဂါတ်သည် နိုင်ငံတော်၏အနာဂါတ်ဖြစ်သည်ဟုခံယူ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးနေကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

နေပြည်တော်တွင် ဇူလိုင် ၂၉ရက်ကျင်းပသည့် ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားခဲ့သည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ ကလေးများရဲ့အနာဂါတ်ဟာ နိုင်ငံတော်ရဲ့အနာဂါတ်ဖြစ်တယ်လို့ခံယူပြီးတော့ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။ဒါကြောင့် သင်ယူတတ်မြောက်မှုအရည်အသွေးကောင်းမွန်စေရေးအတွက် အရည်အသွေးရှိသောပညာရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။သို့သော်လည်းပဲ နှစ်ပေါင်းများစွာပညာရေးအားနည်းခဲ့တာကြောင့်ဖြေရှင်း ဖြည့်ဆည်းရန်များပြားလှပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် covid 19ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့်ကျောင်းပေါင်း၃၉၉၉ ကျောင်းဖွင့်လှစ်ထားပြီး ကျန်ကျောင်းများမှာ နိုင်ငံတော်ကသက်မှတ်ထားသည့် ကျန်းမာရေးနှင့်ကိုက်ညီသည့်အချက်၈၀ မပြည့်မီသဖြင့်ဖွင့်လှစ်ခွင့်မရရှိသေးကြောင်းသိရသည်။

အခြေခံပညာဦးစီးဌာနလက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်ရှိပြီးအလယ်တန်းနှင့်မူလတန်းအဆင့်များမှာဖွင့်လှစ်မှု စက်တင်ဘာလအထိရွှေ့ဆိုင်းထားကြောင်းသိရသည်။

#peoplemedia


Share this post