• Follow Us on

Home ကလေးဝမြို့နယ်၌ မောင်းသူမဲ့တရားမဝင် သစ်တင်ယာဉ် တိမ်းမှောက်ခဲ့သော်လည်း ယာဉ်မောင်းကို ဖမ်းမမိ


Share this post



#peoplemedia

(unicode)
ကလေးဝမြို့နယ်၌ မောင်းသူမဲ့ တရားမဝင် သစ်တင်ယာဉ် တိမ်းမှောက်ခဲ့သော်လည်း ယာဉ်မောင်းကို ဖမ်းမမိ
……………………………………………………………………………

ရန်ကုန်၊ဖေဖော်ဝါရီလ-၁၀

ဖြစ်စဉ်မှာ ၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရေဦး-ကလေးကားလမ်းမိုင်တိုင်အမှတ်(၁၀၁)မိုင်အနီးနေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်အမှတ် (A/909) FUSO FISTER ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၉၇)ချောင်း (၈.၄၈၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဌာနမှ သတင်းထုတ်ပြန်ထားသည်။

#peoplemedia


Share this post