• Follow Us on

Home ကလေးဝမြို့အဝင် စစ်ဆေးရေးဂိတ်၌ ရှားပါးတိရိစ္ဆာန်မျိုးစိတ် ၂၀ ကျော် သယ်ဆောင်လာသည့် အမျိုးသား နှစ်ဦး ဖမ်းဆီးခံရ

ကလေးဝမြို့အဝင် စစ်ဆေးရေးဂိတ်၌ ရှားပါးတိရိစ္ဆာန်မျိုးစိတ် ၂၀ ကျော် သယ်ဆောင်လာသည့် အမျိုးသား နှစ်ဦး ဖမ်းဆီးခံရ

Share this post

ကလေး၊ ဇန်နဝါရီ ၁၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အဝင် စစ်ဆေးရေးဂိတ်၌ အမျိုးသားနှစ်ဦး မောင်းနှင်လာသည့်ယာဉ်ကို စစ်ဆေးရာ ယာဉ်အတွင်း၌ သယ်ဆောင်လာသည့် ရှားပါး တိရိစ္ဆာန်မျိုးစိတ် ၂၀ ကျော် တွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါ အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပါတယ်။

 

ယာဉ်ပေါ်၌ ရှားပါးတိရိစ္ဆာန်မျိုးစိတ်များဖြစ်သည့် မျောက်၊ တောကြောင်၊ ဌက်၊ မီးကျောင်း စသည့်တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူတို့က အိန္ဒိယဘက်ကို မှောင်ခိုသွားဖို့ပါ။ အခုတော့ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်။ ပြည်တွင်းမှာရှိတဲ့ မျိုးစိတ်တွေပါလို့” တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် လက်နက်၊ ခဲယမ်းများ ဝင်ရောက်မှု မရှိစေ ရေးအတွက် တာဝန်ရှိသူများက တိုင်းဒေသကြီးရှိ မြို့နယ်များ၌ စစ်ဆေးရေးဂိတ်များဖွင့်၍ ဆောင်ရွက်လျက်ရှိ သည်။

 

Photo- credit (ဖမ်းဆီးရမိခဲ့သည့် ရှားပါး တိရစ္ဆာန် မျိုးစိတ်)

 

#PeopleMedia #ရှားပါးတိရိစ္ဆာန်မျိုးစိတ်

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post