• Follow Us on

Home ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ခြင်းကြောင့် အမျိုးသား ရေးတာဝန်အဖြစ်ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်ကြောင်း ဥပဒေရေးရာဒုဝန်ကြီး ပြောဆို

ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ခြင်းကြောင့် အမျိုးသား ရေးတာဝန်အဖြစ်ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်ကြောင်း ဥပဒေရေးရာဒုဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ မတ် ၁

 

ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ခြင်းကြောင့် အမျိုးသား ရေးတာဝန်အဖြစ်ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က ပြောဆိုသည်။

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် Hybrid Format ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်း ပခဲ့သည်။

 

“ကလေးအလုပ်သမား ပပျောက်ရေးဟာ မျက်မှောက်ခေတ်ရဲ့ Global issue တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တာကြောင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမယ့်လုပ်ငန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့လုပ်ငန်းတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် လုပ်ငန်းကော်မတီ ၈ ရပ် ဖွဲ့စည်းထားရာမှာ ဥပဒေရေးရာလုပ်ငန်းကော်မတီကလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ ဥပဒေရေးရာလုပ်ငန်းကော်မတီအနေနဲ့ မိမိရဲ့လုပ်ငန်းတာဝန်တွေကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး အမျိုးသားအဆင့်ကော်မတီသို့ တင်ပြကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်”ဟု ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်က ပြောသည်။

 

ကော်မတီအနေဖြင့် ဥပဒေရေးရာလုပ်ငန်းများ တိုးတက်မှုအခြေအနေများကိုလည်း လေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိပြီး ဥပဒေပိုင်းဆိုင်ရာများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်းနှင့်အသစ် ရေးဆွဲခြင်းပြုနိုင်ရန်အတွက် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့်ဥပဒေများ၏ အားနည်းချက်၊ အား သာချက်များကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီသို့ အကြံပြုချက်များ တင်ပြသွားမည်ဖြစ်သည့်အတွက် အကြံပြုချက်များရှိပါက မိမိတို့ကော်မတီသို့ ပေးပို့အကြံပြုစေလိုကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post