• Follow Us on

Home ကလေးမြို့နယ်၌ PDF-Kalay တပ်ရင်း(၃)စခန်း ရှင်းလင်းခံခဲ့ရပြီး ကျား/မ ၁၂ ဦး ဖမ်းဆီးခံထားရ

ကလေးမြို့နယ်၌ PDF-Kalay တပ်ရင်း(၃)စခန်း ရှင်းလင်းခံခဲ့ရပြီး ကျား/မ ၁၂ ဦး ဖမ်းဆီးခံထားရ

Share this post

ကလေး၊ နိုဝင်ဘာ ၁၆ (People Media)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ယနေ့နံနက်ပိုင်းက PDF-Kalay တပ်ရင်း(၃)စခန်းကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ပြီးနောက် PDF အဖွဲ့ဝင် ကျား/မ ၁၂ ဦး ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

“ဒီမနက် ၉ နာရီလောက်မှ စဖြစ်ကြတာ။ စခန်းအသိမ်းခံ
လိုက်ရတယ်။ လူတွေလည်း ဖမ်းဆီးခံရတယ်” လို့ ဒေသခံ
တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်၌ မန္တလေး-ဂန့်ဂေါ-ကလေး ကားလမ်း၌ မကြာခဏ ယာဉ်များ မိုင်းခွဲဖျက်ဆီးခံရ၍ ပြန်လည်အသုံးပြုနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များက ကလေးမြို့နယ်၌ နယ်မြေရှင်းလင်းရေးပြုလုပ်နေကြောင်း သိရပါတယ်။

ကလေးမြို့နယ်၊ ဇီးချောင်းကျေးရွာနှင့် မြို့ကြီးကုန်းကျေးရွာအနီးရှိ PDF-Kalay တပ်ရင်း(၃) အထိုင်စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ ၁၂ ဦး ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

PDF-Kalay တပ်ရင်း(၃) ရှင်းလင်းခံရမှု မှန်ကန်ကြောင်း ကလေးမြို့နယ်ရှိ သတင်းများကို ဖော်ပြလျက်ရှိသည့် ဒေသခံမီဒီယာများကလည်း ထုတ်ပြန်မှု ပြုလုပ်ထားပါတယ်။

Photo – PDF-Kalay

#PeopleMedia #PDF-Kalay

(unicode)
…………………………..







Photo – PDF-Kalay

#PeopleMedia #PDF-Kalay


Share this post