• Follow Us on

Home ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ တိုက်ပွဲ၌ PDF-Kalay မှ အဖွဲ့ဝင်နှစ်ဦး သေဆုံး

ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ တိုက်ပွဲ၌ PDF-Kalay မှ အဖွဲ့ဝင်နှစ်ဦး သေဆုံး

Share this post

ကလေး၊ နိုဝင်ဘာ ၂၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျောက်ပြုတ်ကျေးရွာရှိ လုံခြုံရေးပူးပေါင်းအဖွဲ့ကို ဒေသ ခံ PDF-Kalay မှ သွားရောက်တိုက်ခိုက်ရာ PDF အဖွဲ့ဝင် နှစ်ဦးသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်ပြုတ်ကျေးရွာရှိ လုံခြုံရေးပူးပေါင်းအဖွဲ့ကို ဒေသခံ PDF-Kalay အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်မှု ဖြစ် ပွားခဲ့သည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ PDF-Kalay အဖွဲ့ဝင်များဖြစ်သော ကိုမင်းဇော်အောင်နှင့် ကိုဇော်နိုင်ဌေးတို့ လက် နက်ထိမှန် သေဆုံးခဲ့သည်။

 

ကျောက်ပြုတ်ကျေးရွာသည် အခြေခံအလယ်တန်းကျောင်း တည်ရှိရာ ကျေးရွာတစ်ခုဖြစ်ပြီး ကျောင်းလုံခြုံ ရေးနှင့် ကျေးရွာလုံခြုံရေးကို လုံခြုံရေးအဖွဲ့နှင့် ကျေးရွာနေပြည်သူများ ပူးပေါင်းဆောင်ရွက်နေကြောင်း ဒေသခံ အချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

Photo – PDF-Kalay

 

#PeopleMedia #ကလေးမြို့ #ကျောက်ပြုတ်ကျေးရွာ

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – PDF-Kalay

 



Share this post