• Follow Us on
Latest News

Home ကလေးမြို့နယ်၌ န-စ-ကမှ ပိတ်ပင်ထားသည့် ရုပ်သံလိုင်များ တပ်ဆင်ပေးသူတစ်ဦးအပါအဝင် ရုပ်သံလိုင်း ချိတ်ဆက်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးခံခဲ့ရ

ကလေးမြို့နယ်၌ န-စ-ကမှ ပိတ်ပင်ထားသည့် ရုပ်သံလိုင်များ တပ်ဆင်ပေးသူတစ်ဦးအပါအဝင် ရုပ်သံလိုင်း ချိတ်ဆက်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးခံခဲ့ရ

Share this post

ကလေး၊ နိုဝင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြိုသုံးပင်ရပ်ကွက်၊ Zoheisa Cable Network ကို လုံခြုံရေးအဖွဲ့ များက ဝင်ရောက်ရှာဖွေရာ၌ ပိတ်ပင်ထားသည့် ရုပ်သံလိုင်များ တပ်ဆင်ပေးသူတစ်ဦးအပါအဝင် ရုပ်သံလိုင်း ချိတ်ဆက်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

Zoheisa Cable Network ကို ဝင်ရောက်ရှာဖွေရာ၌ လိုင်းပေါင်းစက် ၄၆ လုံး၊ ဂြိုလ်တုဖမ်းစက် ၅ လုံး၊ စလေး ကေဘယ်ကြိုခွေ ၁၀ ခွေ၊ ၂ ပေစလောင်း ၆ ဘန်း၊ စလောင်းကြိုးခွေ ၆ ခွေနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း သိရပါတယ်။

 

ထို့နောက် ဆက်စပ်၍ တောင်ဇလပ်ရပ်ကွက်ရှိ C.L.S vision ဆိုင်မှ ရုပ်သံဖမ်းစက် ၆၆ လုံး၊ ရုပ်သံလွှင့်စက် ၈၂ လုံး၊ ကွန်ပြူတာ ၆ စုံ၊ ဖိုက်ဘာလွှင့်စက် ၄ လုံး၊ Ta Ta စလောင်းဘန်း ၁၃ ဘန်း အပါအဝင် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်၌ တရားမဝင် ရုပ်သံလိုင်းများ တပ်ဆင်ထားလျှင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ န-စ-ကမှ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

 

#PeopleMedia #ကလေးမြို့

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post