• Follow Us on

Home ကလေးမြို့နယ်၌ ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦး၏ ဦးခေါင်းကို အမျိုးသားတစ်ဦးမှ သံပိုက်ဖြင့် ရိုက် နှက်၊ ကျူးလွန်သူ ဖမ်းမိ

ကလေးမြို့နယ်၌ ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦး၏ ဦးခေါင်းကို အမျိုးသားတစ်ဦးမှ သံပိုက်ဖြင့် ရိုက် နှက်၊ ကျူးလွန်သူ ဖမ်းမိ

Share this post

ကလေး၊ မတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရွာသာအေကျေးရွာ၊ အ-မ-က ကျောင်းတွင် တာဝန်ကျနေသည့် ပညာရေးဝန်ထမ်းဖြစ်သူ ဆရာမ၏ ဦးခေါင်းကို ကျေးရွာနေအမျိုးသားတစ်ဦးမှ သံပိုက်ဖြင့် ရိုက်နှက်ခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်မှာ မတ်လ ၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ဆရာသည် ၎င်းတာဝန်ကျရာ ကျေးရွာရှိ အဆောင်၌ ရှိနေစဉ် အမျိုးသားတစ်ဦးက အဆောင်သို့ ရောက်ရှိလာပြီး သံပိုက်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်။

 

“ဖြစ်တာက ဟုက်ပါတယ်။ ဆရာမက ခုတော့ ဆေးကုသခံယူနေတယ်” လို့ ကျေးရွာနေပြည်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါကျူးလွန်သည့် အမျိုးသားကို ကလေးမြို့ရဲစခန်း၌ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

#PeopleMedia #ကလေးမြို့

 

(unicode)


…………………………………………

 


 


 


 


 


 



Share this post