• Follow Us on

Home ကလေးမြို့နယ်၌ PDF-Kalay PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရပြီးနောက် PDF စခန်းများ ရှင်းလင်းခံနေရဟုဆို

ကလေးမြို့နယ်၌ PDF-Kalay PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရပြီးနောက် PDF စခန်းများ ရှင်းလင်းခံနေရဟုဆို

Share this post

ကလေး၊ နိုဝင်ဘာ ၁၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ နိုဝင်ဘာ ၁၆ ရက်နေ့က PDF-Kalay တပ်ရင်း (၃) ရှိ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ကလေးမြို့နယ်ရှိ PDF စခန်းများ ရှင်းလင်းခံနေရတယ်လို့ ဒေသခံအချို့၏ ပြောဆိုချက် အရ သိရပါတယ်။

 

နိုဝင်ဘာ ၁၆ ရက်နေ့က နံနက်ပိုင်းက ဇီးချောင်းကျေးရွာနှင့် မြို့ကြီးကုန်းကျေးရွာရှိ PDF-Kalay တပ်ရင်း (၃) ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် အမျိုးသမီး ၈ ဦးနှင့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့တယ်လို့ PDF-Kalay က သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ People Media သတင်းဌာနမှ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးထံ အတည်ပြုချက်ရယူရာ ”ကွင်းဆက်အနေနဲ့ PDF စခန်းတွေ လိုက်လံရှင်းလင်းနေပါတယ်” လို့ ပြော ပါတယ်။

 

သို့သော် PDF စခန်းများ လိုက်လံရှင်းလင်းသည့်နေရာကို လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုခြင်း တော့ မရှိပါဘူး။

 

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ PDF-Kalay က PDF-Kalay၊ CNDF၊ CDF(KKG)၊ ရပ်ရွာ ပ-က-ဖ ပူးပေါင်း အဖွဲ့များ ပူပေါင်း၍ တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #PDF-Kalay

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #PDF-Kalay


Share this post