• Follow Us on

Home ကလေးမြို့ရှိ PDF စခန်း ထပ်မံရှင်းလင်းခံရ

ကလေးမြို့ရှိ PDF စခန်း ထပ်မံရှင်းလင်းခံရ

Share this post

ကလေး၊ နိုဝင်ဘာ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဇီးချောင်းပြင်၌ အခြေပြုထားသည့် PDF စခန်းကို မနေ့က လုံခြုံရေး အဖွဲ့များက သွားရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ နိုဝင်ဘာလအတွင်း၌ လုံခြုံရေးအဖွဲ့များသည် ကလေးမြို့နယ်ရှိ PDF စခန်းများကို ရှင်းလင်း လျက်ရှိသလို PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုများလည်း ဖြစ်ပေါ်လျက်ရှိပါတယ်။

 

“မနေ့က ဇီးချောင်းပြင်ကျေးရွာ၌ ကျေးရွာမှာရှိတဲ့ PDF စခန်း ရှင်းလင်းခံရပြီး စခန်းကို လုံခြုံရေးအဖွဲ့များက မီးရှို့ဖျက်ဆီးသွားတယ်။ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရတယ်။ PDF အဖွဲ့တွေ ဖမ်းမိ မမိတော့ သေချာမသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဇီးချောင်းပြင်၌ လုံခြုံရေးအဖွဲ့နှင့် PDF အဖွဲ့တို့၏ တိုက်ပွဲအတွင်း ကျဆုံးမှုကို People Media အနေ ဖြင့် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

 

လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့များသည် PDF အဖွဲ့များ လှုပ်ရှားမှုရှိသည့် ကလေး-ဂန့်ဂေါကားလမ်း ပြန်လည် စိုးမိုးနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

Photo – ကလေးPDF

 

#PeopleMedia #ကလေးPDF

 

(unicode)


…………………………………

 


 


 


 


 


 


 


 



Share this post